Ch 85&86

743 110 0
                                    

Ch 85

ကုချင်းယောင်က ရှက်သွားသည် ။

မိုဖေးဟန် ပြောတာ မှန်သည်။

သူက အိမ်တွင် ရှားရှားပါးပါး ရှိပြီး မိုအိမ်တွင် ကလေး နှစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်သာ ရှိပြီး ကျန်းယင်းချုံးက မကြာခဏ နေမကောင်း ဖြစ်နေသည်။ ဒီခေတ် တွင် လူတိုင်းက ရိုးသားကြပြီး အိမ်သူ အိမ်သား အနည်းငယ်သာ ပစ္စည်းများ ဆုံးရှုံးကြသည်။ တစ်ခါတစ်ရံ ညဘက် တံခါးပင် မပိတ်ကြပေ။

ဒါပေမဲ့ ခေတ်တိုင်းတွင် လူဆိုးနဲ့ သူခိုးသေးသေးတွေ ရှိကြသည်။

အထူးသဖြင့် ဘယ်သူမဆို ဒီအရာများကို ရှာဖွေတွေ့ရှိပါက ဘေးဥပဒ်ဖြစ်စေမည်ဖြစ်ပြီး ၎င်းတို့က ပြီးသွားမည်ဖြစ်သည်။

ဒါကြောင့် ၎င်းတို့ကို သေသေချာချာ ဝှက်ထားရမည်။

သူမရဲ့ space ထဲတွင် ၎င်းတို့ကို ထားတာက လုံးဝလုံခြုံမည် ဖြစ်သည်။

ကုချင်းယောင်က မငြင်းဘဲ "ကောင်းပြီ၊ အစ်ကိုအတွက် ညီမဂရုစိုက်ပေးမယ်။ ဒါပေမယ့် အစ်ကို အနာဂတ်မှာ ပိုသတိထားရမယ်။ အစ်ကို ဒီပစ္စည်းတွေကို မှောင်ခိုဈေးကွက်ကနေ ရခဲ့တာလား? အဲဒါက မလုံခြုံဘူး။ အစ်ကို အထူးသတိထားပါ။"

မိုဖေးဟန်က ပြုံးပြီး "စိတ်မပူပါနဲ့ အစ်ကို့အတွက် ဘာမှ ဖြစ်မလာဘူး"

စကားပြောနေရင်းနဲ့ သူတို့ဘေးက ဗီရိုထဲက အထည်အိတ်သေးသေးလေးကို ယူလိုက်ပြီး ပစ္စည်းတွေကို ထုပ်ပိုးလိုက်သညါ။

ပစ္စည်းတွေကို ကောက်ယူပြီး ကုချင်းယောင် ဘက်သို့ နောက်ပြန်လှည့်ကာ လှည့်ကြည့်လိုက်ရာ မိုဖေးဟန်ရဲ့ အမူအရာ ပြောင်းလဲသွားသည်။

ဘာကြောင့်ဆိုရင် ယောင်ယောင်ရဲ့ သဘောထားက ထူးဆန်းလွန်းတာကြောင့် ဖြစ်သည်။

ဒီပစ္စည်းတွေက မိုမိသားစုအတွက် အန္တရာယ်ဖြစ်တယ်ဆိုရင် ကုမိသားစုအတွက် ပိုတောင်အန္တရာယ်များလိမ့်မယ်ဆိုတာကို သူမ မေ့နေတာလား?

မိုမိသားစုက လယ်သမားများဖြစ်ပြီး သူ့ဦးလေးက တပ်မဟာခေါင်းဆောင် ဖြစ်သည်။

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now