Ch 65&66

993 138 0
                                    

Ch 65

"အလုပ်က အရာရာဘဲ။ သူတို့က ကိုယ့်လက်နဲ့ အသက်ဆက်ရှင်ဖို့ သင်ယူနေကြတာ။ ငါ့အဘိုးနဲ့ အဖွားက နွားတင်းကုပ်ထဲက တိရိစ္ဆာန်အားလုံးကို ပြုစုစောင့်ရှောက်ပြီး ပြုပြင်ရေးလုပ်ရင်း တပ်မဟာကို ပံပိုးပေးနေကြတာ။ ကျောက်မိသားစုက ဘာလုပ်နေကြတာလဲ။ အဲဒါကို နေ့တိုင်း အသားစားဖို့ တွေးနေကြတယ်။"

ကျောက်ရှောင့်ဟွေ့က ဘာမှပြန်မပြောနိုင်ပေ။

နောက်ဆုံးမှာတော့ သူမက ကျောင်းမတက်ဖူးတဲ့ ကျေးလက်‌ဒေသက သာမန်အမျိုးသမီးတစ်ယောက် ဖြစ်သည်။ အရင်က တပ်မဟာတွင် သင်ခန်းစာ အနည်းငယ် သင်ခဲ့သော်လည်း စကားလုံးများကို သူမက မမှတ်နိုင်ပေ။

ဒီကိစ္စမှာ သူမက ကုချင်းယောင်နဲ့ ဘယ်တော့မှ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပေ။

ကုချင်းယောင်က ငယ်စဉ်ကတည်းက သင်ယူလေ့လာခဲ့သည်။ နွားတင်းကုပ်အနီးမှာ နေတဲ့ သက်ကြီးရွယ်အိုတွေ အားလုံးက သူမဆရာတွေ ဖြစ်သည်။ အရင်ဘဝက ဆယ်စုနှစ်များစွာ အတွေ့အကြုံများ ရှိကာ ကျောက်ရှောင်ဟွေ့က ကုချင်းယောင်ကို ဘယ်လိုမှ မတိုက်ခိုက်နိုင်ပေ။

အရင်တုန်းက ကျောက်ရှောင်ဟွေ့က ကုယန်ရှန်ကို ကြောက်နေခဲ့သည်။ မိသားစုထဲက တခြားသူတွေကို လေးစားမှု မပြပေ။ ကုချင်းယောင်က ကုယန်ရှန်ရဲ့ ချစ်လှစွာသော သမီးဖြစ်သော်လည်း သူမက အမြဲတမ်း တည်ငြိမ်ပြီး နာခံမှုရှိတဲ့ မိန်းကလေး ဖြစ်သည်။

ကုချင်းယောင်က အရင်တုန်းက သူမကို ဒီလိုမျိုး ဘယ်တော့မှ မနှောင့်ယှက်ပေ။ ကျောက်ရှောင်ဟွေ့က အခုချိန်တွင် အလွန်စိတ်ဆိုးနေသည်။ "နောက်ဆုံးမှာတော့ နင်ရဲ့ ကုမိသားစုက ဆင်းရဲလွန်းတယ်။ င့ါမိသားစုကို သိက္ခာရှိရှိ နာခံမှုပြဖို့ စိတ်ကူးယဉ်နေသေးတယ်။ သူတို့ဆီကနေ ငါက ကြီးပြင်းလာခဲ့တာ အားလုံးက ငါ့ရဲ့ ရင်းနှီးတဲ့ မိသားစုဝင်တွေဘဲ။ နင့်ဆီက အသားစားတာ ဘာဖြစ်လဲ။"

"ကုမိသားစုက အသားနည်းနည်းလေးတောင် မပေးနိုင်ဘူး။ နင် ဘယ်လို တိုင်ကြားရဲတာလဲ။"

ကုချင်းယောင်က ထိုစကားကို စောင့်နေတာ ဖြစ်သည်။ "ကုမိသားစုက ဆင်းရဲလွန်းတာလား။ ငါ့မိသားစုက လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ဒီလ်ိုဘဲ။ မိသားစုကို နှိမ့်ချနေရင်း ဘာလို့ အဖေ့ကို လက်ထပ်ခဲ့တာလဲ။ အဘိုးနဲ့အဖွားကို အမြဲတမ်း ညံ့ဖျင်းတဲ့ အချက်တွေနဲ့ ကျွန်တွေလ်ိုတောင် သဘောထားခဲ့တယ်။ နင့်မိဘတွေအတွက် နင့်မိသားစုကို အကုန်ပေးခဲ့တယ်။ ကုမိသားစုကို ဘယ်လိုတောင် ခွဲခြားဆက်ဆံ ရတာလဲ။"

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now