Beach House~1

686 46 15
                                    

ပင်လယ်လေနံ့ အနည်းငယ်ရောယှက် ပြီး တိုးဝှေ့တိုက်ခတ်နေတဲ့ ကမ်းရိုးတမ်းနံဘေးက ကားလမ်းမပေါ်မှာအဝါရောင် ဂျစ်ကားလှလှလေး တစ်စီးက အရှိန်နဲ့လှိမ့်ပြေးနေလေရဲ့။

အမိုးဖွင့်ဂျစ်ကားလေး ပေါ်ကနေ ခပ်ပြင်းပြင်းတိုက်ခတ်နေတဲ့ ဆားငံရည်နံ့ရောယှက်နေသော လေထုကို ထယ်ရယ် မျက်လုံးလေးမှိတ်ပြီး တစ်ဝကြီး ရှူရှိုက်လိုက်တာက ကားစီးရင်းလေညှင်းခံထွက်လာတဲ့ အမွှေးပွခွေးပေါက်လေး တစ်ကောင်နဲ့ပင်ဆင်တူသည်။

ထယ်ရယ့်မေမေကိုယ်တိုင်မောင်းနှင်နေတဲ့ ဒီဂျစ်ကားလေးရဲ့ ဦးတည်ရာကတော့ ကယ်လီဖိုးနီးယား ပြည်နယ် စန်တာမိုနီကာ ကမ်းခြေဘေးက beach house ဆီသို့ပဲဖြစ်တယ်။

beach house ဆိုတဲ့ အသံကြားလိုက်ရင်ကို ထယ်ရယ့် စိတ်ခံစားချက်တွေက လန်းဆန်းတက်ကြွ လာတာ၊ဒီအိမ်လေးမှာ တစ်နှစ်တာ ပင်ပန်းနွမ်းနယ်မှုတွေကို နွေရာသီရောက်တိုင်း လာအပန်းဖြေ စိတ်လွတ်လက်လွတ်အနားယူနေကျ။

beach houseဆီကို ထယ်ရယ်နဲ့မေမေတင် မဟုတ် မေမေ့ မိတ်ဆွေသားအမိ တို့ လဲအတူတူ နှစ်တိုင်း လာအချိန်ဖြုန်းလေ့ရှိပြီး ညနေခင်း ဘက်အိမ်ခြံဝန်းထဲbbq လုပ်စားရတာကို ထယ်ရယ်နှစ်ခြိုက်သည်၊ ညဘက်တွင်တော့ အရသာရှိတဲ့မုန့်အချိုမျိုးစုံ ကိုပြုလုပ်ပြီး မေမေတို့နဲ့movie စုကြည့်ကြရတဲ့အချိန်ကထယ်ရယ့်အတွက်တန်ဖိုးရှိသည်၊ကမ်းခြေဘက်လမ်းလျှောက်ရင်းခရုကမာခွံလေးတွေလိုက်ကောက်ရတာဟာလဲ ဝါသနာဟုမဆိုသာသောဝါသနာလေးတစ်ခု ၊


ထိုအချင်းအရာများအားလုံးက နှစ်တစ်နှစ်လုံးမှာမှ ထယ်ရယ် သဘောကျရဆုံးသော မှတ်ဉာဏ်များသာဖြစ်ပေလိမ့်မည်။ မိုးရာသီဆောင်းရာသီတွေကိုကျော်ဖြတ်ပြီး ကျောင်းပိတ်ရက်နွေနေ့တွေဆီကိုရောက်ရှိဖို့ ထယ်ရယ် အမြဲမျှော်လင့်နေမိနေသည်မှာ စိတ်အပန်းပြေစေတဲ့ beach house နှင့်ကမ်းခြေ၊ မေမေတို့နဲ့ အတူတူဖြုန်တီးပစ်ရသောquality timesတွေ အပြင် အခြားသောအကြောင်းရာ တစ်ခုခုလဲရှိချင်ရှိနေနိုင်လိမ့်မည်။

beach house နားရောက်ခါနီး အဝင်လမ်းကလေးကနေ ထယ်ရယ်နှင့် မေမေတို့ စီးနင်းမောင်းနှင်လာတဲ့ဂျစ်ကားကလေးက စတင်ဖြတ်သွားမိတော့ ထယ်ရယ့်ဦးခေါင်းထက်က ခပ်တိုတိုဆံစတွေနဲ့ ဝတ်ရုံထားတဲ့ အပေါ်ထပ် shirt အင်္ကျီအဖြူလေးကို တစ်လွင့်လွင့် တစ်လူလူ ထိုး၍တိုက်ခတ်နေသော ပင်လယ်လေထုကြောင့် ကမ်းခြေရှိရာဘက်ကို မျက်နှာ မူပြီး ရှူစားလိုက်မိတယ်။

My Spring MelodyWhere stories live. Discover now