ရစ်ခီ Yale University ကျောင်းသားအဖြစ် ပထမဆုံးနွေအားလပ်ရက်......
ထယ်ရယ် High School Senior Year ကျောင်းသားအဖြစ် နွေရာသီအားလပ်ရက်၊
ထုံးစံအတိုင်း ရစ်ခီ၊အန်တီမော်လီနှင့် မက်သျူးတို့ သားအမိသုံးယောက်ကတော့ Beach House ကိုရောက်သွားနှင့်ပြီ။ နွေရောက်တိုင်း ပင်လယ်ဆားငံရေနံ့နဲ့ ကမ်းစပ်ကသဲမှုန်လေးတွေက အားလုံးကို ကြိုဆိုနေသလိုပဲ။ ပြောင်းလဲခြင်းမရှိတဲ့ အငွေ့အသက်တွေ။ ရစ်ခီ ရောက်ရောက်ချင်း အိပ်ခန်းထဲမှာပစ္စည်းတွေကို နေရာတကျ စီစဉ် ချထားလိုက်ပြီး ချစ်သူလေးဆီ ဖုန်းခေါ်လိုက်တယ်။
"ဟယ်လို...."
တစ်ဖက်က ထူးလာတဲ့ အသံခပ်ဩဩလေးထဲမှာ ချိုမြိန်မှုတွေကို ရစ်ခီရှာတွေ့တယ်။ လေယာဉ်နဲ့သွားရင်တောင် ဆယ်နာရီကြာတဲ့ နေရာမှာ တက္ကသိုလ်သွားတက်နေခဲ့ရတာဆိုတော့ ထယ်ရယ်နဲ့ ရစ်ခီရဲ့ LDRS သက်တမ်းကတစ်နှစ်ကျော်ကြာပြီးသွားခဲ့ပြီ မို့ တက္ကသိုလ်ကျောင်းသားအဖြစ် ပထမဦးဆုံးအနားရတဲ့ နွေအားလပ်ရက်မှာ ချစ်သူသေးသေးလေးနဲ့ ပြန်ဆုံဖို့ မစောင့်နိုင်ရလောက်အောင်ကို ရင်ခုန်နေပြီ။ ရစ်ခီက ရင်ခုန်ကြည်နူးနေတဲ့ အသံလွင်လွင်လေးနှင့်
"ဟယ်လို
baby တို့ဘယ်ချိန်ထွက်လာမှာလဲ"တစ်ဖက်က မေးမြန်းလာသံကြောင့် beach houseဆီသို့ ရစ်ခီတို့သားအမိတွေ ရောက်ရှိနေကြပြီဆိုတာ ထယ်ရယ်သိလိုက်ရတယ်။
"ရစ်ခီ ရောက်နေပြီလား
ကျွန်တော်တို့ မနက်ဖြန်မနက်စောစောထွက်လာဖြစ်မယ်""ဟုတ်လား
ကိုယ့် ကလေးလေးနဲ့ တွေ့ရဖို့မစောင့်နိုင်တော့ဘူး"ဖုန်းထဲကအီစီကလီစကားလုံးလေးတွေက ထယ်ရယ့်ကို ရစ်ခီနဲ့ချစ်သူဖြစ်ကာစကလို ရင်ခုန်စေတုန်းပဲ။ ငယ်ဘဝတစ်ခုလုံးရဲ့ အချစ်ဦးနဲ့ ချစ်သူတွေဖြစ်ခွင့်ရခဲ့တဲ့အပြင်၊ LDRS တစ်နှစ်ကျော်ဖြတ်သန်းပြီးတာတောင် ခိုင်မာတဲ့ ချစ်သူရည်းစားဆက်ဆံရေးကို တည်ဆောက်ထားနိုင်တုန်းပဲ ဆိုတဲ့ အချက်က ထယ်ရယ့်ကို ကံအကောင်းဆုံးလူတစ်ယောက်လို ခံစားရစေတယ်။
"ကျွန်တော်လဲရစ်ခီနဲ့တွေ့ချင်လှပြီ"
"တစ်ရက်လေးစောင့်ရတာတောင် အရမ်းကြာနေသလိုပဲ
ဘာပဲဖြစ်ဖြစ်
မနက်ဖြန်တွေ့ကြမယ်နော်
love you baby....
Mwah..."