Wanna Be Yours~4

456 45 24
                                    

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရတာကနေ ရေဓာတ်ခမ်းခြောက်မှုကို ခံစားနေရတဲ့ခန္ဓာကိုယ်ကြောင့်ရုတ်တရက်နိုးလာလို့ နာရီကိုကြည့်လိုက်တော့ မနက်ငါးနာရီခွဲကျော်ကျော်မို့ အပြင်ဘက်မှာနေရောင်တောင် ကောင်းကောင်းမထွက်သေး။ ထယ်ရယ်နိုးနိုးချင်း ရေအရမ်းငတ်နေတာမို့ အခန်းထဲလှည့်ပတ်ဝေ့ကြည့်လိုက်တော့ ညက အခန်းထဲ ရေဘူး ယူမလာခဲ့မိတာကို သတိရသွားသည်။

ဒီလိုဆိုတော့လဲ နေမထွက်သေးတဲ့ခပ်အေးစိမ့်စိမ့်ရာသီဥတုမှာ အောက်ထပ်ဆင်းရမှာဆိုတော့ hoodieတစ်ထည်အမြန်ကောက်ဝတ်ပြီး ရေသောက်ရန်အတွက် ခပ်သွက်သွက်ပြေးဆင်းသွားတော့ လှေကား ဆင်းဆင်းချင်းတန်းမြင်လိုက်ရတာက အမှောင်ထုကြောင့် ဆိုဖာပေါ်မှာ တောင့်တောင့်ကြီးထိုင် နေပေမဲ့ ဘာမှန်းသဲကွဲစွာမမြင်ရတဲ့အရာတစ်ခု ကမျက်စိရှေ့မှာမို့ အလန့်တကြားထအော်မိတယ်။

ထယ်ရယ့်အော်သံကြားမှ ထိုအရာက ရုတ်တရက်လှည့်လာပြီးစကားပြောလာတော့ ထိုင်နေတဲ့သူက ရစ်ခီဖြစ်ကြောင်းအတည်ပြုနိုင်သွားတာမို့ ထယ်ရယ့်ခင်မျာ တုန်လှုပ်သွားတဲ့ရင်ဘတ်လေးကို ခပ်ဖွဖွဖိရင်း အသက်ကိုဝဝရှူရတော့တယ်။
"ရစ်ခီ.....ဘာလုပ်နေတာလဲ ဒီမှာ"

"မင်းကကော ဘာလို့ဆင်းလာတာလဲ"

အမေးကိုအမေးနဲ့ပြန်ဆက်တဲ့ ရစ်ခီ့စကားကြောင့် ထယ်ရယ်လဲ မီးဖိုခန်းဘက်ကိုလက်ညိုးထပြပြီး ဆင်းလာရတဲ့ ရည်ရွယ်ချက်ကိုပြန်ဖြေလိုက်တယ်။

"အော်....ကိုယ်က ငါးနာရီလောက်ကတည်းက နိုးနေတာ ပြန်အိပ်မပျော်တော့လို့ ဒီတိုင်းခဏထိုင်နေတာ"

ရစ်ခီ့အဖြေကိုကြားတော့သဘောပေါက်ကြောင်းခေါင်းတစ်ချက်ငြိမ့်ပြခဲ့လိုက်တယ်။ မူလအစီစဉ် အတိုင်းရေသောက်ဖို့အတွက်မီးဖိုခန်းဘက်ကိုထွက်လာခဲ့လိုက်ပြီးနောက် ရစ်ခီအိပ်မပျော်ရတဲ့အကြောင်းရင်းကို ရေသောက်ရင်းတစ်ဖြတ်စဉ်းစားခန်းဖွင့်နေပြန်တုန်း မီးဖိုခန်းထဲထိပါ လိုက်ပါလာပြန်တဲ့ ရစ်ခီ။

ထူးဆန်းလွန်းမကထူးဆန်းနေတာတော့သေချာပါသည်။ အခုလဲ ရစ်ခီ့ကြည့်ရတာ ရည်ရွယ်ချက်မယ်မယ်ရရရှိနေပုံမပေါ်ပဲ ရေသောက်နေတဲ့ထယ်ရယ့် နားမှာရစ်သီရစ်သီလာလုပ်နေတာမို့ ရစ်ခီ့ကိုသေချာအကဲခတ်လိုက်ကြည့်နေတဲ့ထယ်ရယ့်မျက်နှာပေါ်မှာ ဘာကိစ္စရှိလို့လဲဆိုတဲ့ မေးခွန်းက အထင်းသား ဆိုတာ ရစ်ခီ သဘောပေါက်ရိပ်မိတာမို့ ထယ်ရယ့်ပါးစပ်ကထုတ်မေးမလာခင် ဦးအောင် ဖြေလိုက်တယ်။

My Spring MelodyWhere stories live. Discover now