Gift~12

278 33 3
                                    


တောင်ပေါ်အပန်းဖြေအိမ်လေးကနေ နေ့လည်စာစား ပြီး တာနဲ့ အကုန်အတူတူ Beach House ဆီပြန်ကြဖို့ပြင်ဆင်ထားပေမဲ့ 'အေးဆေးတစ်ရက်လောက်နေချင်နေခဲ့ကြအုံး အိမ်မှာမာမီတို့ကိုကြည့်ကြပ်ပြောထားပေးမယ်' ဆိုတဲ့ မက်သျူးဆီက text msgတစ်ကြောင်းကြောင့် ဒီအိမ်မှာပဲ ဒီနေ့တစ်ညအိပ်ပြီး မနက်ဖြန်ညနေမှ သုံးယောက်အတူတူ ပြန်လိုက်ကြဖို့ဆုံးဖြတ်လိုက်သည်။



တစ်အိမ်လုံး ဘိုဟေးမီးယန်းစတိုင် သစ်သားတွေနဲ့ပဲ အလှဆင်ဆောက်လုပ်ထားတာမို့ အိမ်အတွင်းခန်းအပြင်အဆင်လေး က အမြင်တစ်မျိုးဆန်းပြီး စိတ်လက်အေးချမ်း ကာ နေချင်စဖွယ် အနေထားလေးမှာရှိသည်။ နာရီအနဲငယ်ခန့်ကားမောင်းလာရတာမို့ ကိုယ်လက်ညောင်းညာ တောင့်တင်းနေတဲ့ရစ်ခီက အ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.





တစ်အိမ်လုံး ဘိုဟေးမီးယန်းစတိုင် သစ်သားတွေနဲ့ပဲ အလှဆင်ဆောက်လုပ်ထားတာမို့ အိမ်အတွင်းခန်းအပြင်အဆင်လေး က အမြင်တစ်မျိုးဆန်းပြီး စိတ်လက်အေးချမ်း ကာ နေချင်စဖွယ် အနေထားလေးမှာရှိသည်။ နာရီအနဲငယ်ခန့်ကားမောင်းလာရတာမို့ ကိုယ်လက်ညောင်းညာ တောင့်တင်းနေတဲ့ရစ်ခီက အပေါ်ထပ် အိမ်ခန်းထဲသွားရောက်အနားယူနေတုန်း ခရစ္စတင်းနဲ့ ထယ်ရယ်က နေ့လည်စာပြင်ထားလိုက်ကြတယ်။

အပန်းဖြေအိမ်လေးမှာ ရစ်ခီ့တစ်နေ့တာက ချစ်ရတဲ့သူနဲ့အနီးနားမှာရှိနေတာမို့ မည်သို့မည်ပုံ ကုန်ဆုံးလို့ကုန်ဆုံးသွားမှန်းတောင် မသိလိုက်ရအောင် မြန်ဆန်လွန်းနေသည်။ညစာစားပြီး သုံးယောက်သား မုန့်စားရင်းရုပ်ရှင်ကြည့်နေကြချိန်က နာရီကြည့်လိုက်တော့ 11နာရီဝန်းကျင်ခန့်တောင် ရှိနေပြီ။ ခရစ္စတင်းက တော့ ထယ်ရယ့်ပခုံးပေါ်မှီပြီး အိပ်မောကျသွားတာများ ခလူးခလော ဟောက်သံတွေတောင်ထွက်လို့၊ ထယ်ရယ် ကတော့ ရုပ်ရှင်ထဲအာရုံဝင်စားပြီး ကြည့်နေတာမို့ အနှောင့်ယှက်မပေးလိုတဲ့ ရစ်ခီက ဧည့်ခန်းထဲကနေ တိတ်တိတ်လေး ထထွက်သွားလိုက်သည်။

ရုပ်ရှင်ကားပြီးသွားလို့ ပါဝင် သူတွေရဲ့ နာမည်ကိုစာတန်းထိုးတော့မှ ဘေးကသူငယ်ချင်းမ ဖြစ်သူ ခရစ္စတင်းက သူ့ကိုမှီပြီး အိပ်ပျော်နေတယ်ဆိုတာရယ် ရစ်ခီ ဧည့်ခန်းထဲမရှိတော့ဘူး ဆိုတာရယ်ကို သတိမူမိတဲ့ ထယ်ရယ်က ခရစ္စတင်းခေါင်းကို အသာယာမပြီး sofa ပေါ်က ခေါင်းအုံးပေါ်ကို တာဝန်လွှဲပြောင်းရွှေ့ပေးလိုက်ပြီးနောက် ရစ်ခီ့ကို ရှာဖို့ အပေါ်ထပ် အခန်းထဲ အရင်သွား ကြည့်လိုက်သည်။

My Spring MelodyWhere stories live. Discover now