Golden Hour~6

428 49 13
                                    

ထယ်ရယ့်အတွက်ရစ်ခီနဲ့ကိစ္စတွေဖြစ်ပျက်သွားပြီး သုံးလေးရက်အတွင်း အားလပ်ရက်တွေကို မက်သျူးနဲ့swimming clubလိုက်သွားလိုက်၊ ဂိမ်းဆော့လိုက်၊ မေမေ အန်တီမော်လီတို့နဲ့အတူတူ မုန့်လုပ်စား လိုက်နဲ့ အချိန်တွေကုန်မှန်းမသိကုန်သွားအောင် ကြိုးစားနေရင်း ရစ်ခီနဲ့တစ်အိမ်ထဲမှာ မို့ တေ့တေ့ဆိုင်ဆိုင်တွေ့မိတဲ့အချိန်များဆိုရင်တော့ နေရခက်မှု အနဲငယ်တို့က အခုထိရှိနေသေးသည်။

ဒီနေ့မနက်ကတော့ နိုးနိုးချင်း သတင်းကောင်းက ခရစ်စ်တင်း အိမ်ကခွင့်ပြုလို့ သုံးလေးရက်ခန့်လောက် Beach Houseကိုလိုက်လာခဲ့မယ်ဆိုတော့ထယ်ရယ်လဲ မက်သျူးswimming clubသွားရင် ပျင်းပြီးကျန်နေခဲ့ရမှာမဟုတ်တော့တာမို့ နောက်ပြီး ဒီလိုအချိန်မှာ ခရစ်စ်တင်းရောက်လာပြီး ဘေးမှာ ရှိပေးနေရင် ထယ်ရယ့်အတွက်အကောင်းဆုံး ပိုဖြစ်လိမ့်မယ်လေ။


မကြာမီအချိန်အတွင်းမှာပဲ အိမ်ရှေ့ကိုစိုက်ရောက်လာတဲ့ တက္ကစီအဝါလေး ကိုမြင်လိုက်ရတော့ ထယ်ရယ်ဝမ်းသာအားရနဲ့အပြေးလေးထွက်ကြိုလိုက်တယ်၊ တကယ်က နိုးကတည်းက ဒီနေ့ ခရစ်စ်တင်းလာမှာမလို့ တက်ကြွပြီး အိမ်ရှေ့ကိုတစ်မျှော်မျှော်ဖြစ်နေခဲ့တာ။သူငယ်ချင်းမလေးရောက်လာပြီဆိုတော့ တစ်ချိန်လုံး အေးဆေး တိတ်ဆိတ်နေခဲ့တဲ့ ထယ်ရယ့်ပင်ကိုယ် အမူအကျင့်လေးတွေက ခရစ်စ်တင်းနဲ့လဲတွေ့ရော ရယ်မော ဆူညံ့သံတွေနဲ့ ပြည့်နှက်ပြီး ပြောမကုန်တဲ့စကားတွေကို အိမ်ရှေ့ကနေ အထုပ်ပိုးတွေသယ်ရင်း အိမ်ခန်းထဲဝင်တဲ့ထိ ကရားရေလွှတ် ပေါက်ပေါက်ဖောက် နေကြတော့သည်။

"hi...ထယ်ရယ်ပြောနေတာခဏခဏကြာဖူးတယ် ခရစ်စ်တင်းမလား
ငါကမက်သျူးပါ"
ဧည့်ခန်းထဲ စကားတွေပြောရင်းဆူညံမှုနဲ့အတူဝင်လာကြတဲ့သူငယ်ချင်းနှစ်ယောက်ကြားထဲ ဝင်ရောက်နှုတ်ဆက်စကားဆိုလိုက်တဲ့မက်သျူး။

"မက်သျူးလား ကြားဖူးနေတာတော့ကြာပြီ
ငါ့ကိုလဲ ထယ်ရယ့်လိုပဲခင်လို့ရတယ်နော်"

"ခရစ်စ်တင်းရောက်လာတာ ကျေးဇူးတင်တယ်
ထယ်ရယ်က ပုံမှန်ဆို တိတ်ဆိတ်နေတတ်တာများပေမဲ့ သူကမင်းနဲ့တော့အတော်လေးသက်တောင့်သက်သာဖြစ်နေပုံပဲ
ထယ်ရယ့်ဆီက ဆူဆူညံညံဖြစ်နေတာမျိုးအခုမှပဲကြားဖူးတော့တယ်"

My Spring MelodyWhere stories live. Discover now