Love Birds~11

254 42 11
                                    

ထယ်ရယ်အိမ်ကထွက်သွားပြီး နောက်တစ်ရက်တာကို တစ်နေ့ချင်းကူးပြောင်းလာတိုင်းမှာ ရစ်ခီ့ရင်ထဲက ပူပန်မှုဆိုတဲ့အစိုင်အခဲက တဖြည်းဖြည်းပျောက်ကွယ်သွားပြီးနောက်ပိုင်း လစ်ဟာမှုဆိုတဲ့ခံစားချက် တစ်ချို့ကအစားထိုးဝင်ရောက်လာတယ်။


တစ်ရက်နဲ့တစ်ရက် ထယ်ရယ် အိမ်ကနေထွက်သွားရတဲ့အကြောင်းအရင်းကို စဉ်းစားကြည့်မယ်ဆိုရင် မထွက်သွားခင်အခြေနေမှာ ရစ်ခီကလွဲပြီး ဘယ်သူနဲ့မှပြသနာမရှိခဲ့တာမို့ သူတို့နှစ်ယောက်ကြားထဲက ပြသနာတွေကြောင့်သာ ထယ်ရယ့်ကိုအခုလိုစိတ်ရှုပ်ထွေးသွားစေမှန်းလဲ တဖြည်းဖြည်းရိပ်မိသဘောပေါက်လာတဲ့ ရစ်ခီက ပြန်လည်ဖြေရှင်းနိုင်ဖို့အတွက် text msg တွေ ph callတွေနဲ့အကြိမ်ကြိမ်ကြိုးစားကြည့်နေပေမဲ့လဲ အခုထိဆက်သွယ်လို့မရသေး။


ထမင်းစားစာပွဲမှာထိုင်လိုက်တိုင်း လစ်လပ်နေတဲ့မျက်နှာချင်းဆိုင် ခုံလေးက ရစ်ခီ့ ရင်ကို အေးမြစေတဲ့ ပါးချိုင့်လေးတွေကို မြင်ယောင်လွမ်းဆွတ်စေတယ်။ထွက်သွားတာ ဒီနေ့ဆိုသုံးရက်မြောက်ပဲရှိသေးပေမဲ့ ရစ်ခီ့အတွက်တော့ သုံးနှစ်နီးပါးလောက်ကြာရှည်သွားခဲ့ပြီလို့ ခံစားရစေတယ်။ ရေကူးကန်မှာပဲဖြစ်ဖြစ် ကမ်းစပ်မှာပဲဖြစ်ဖြစ် အခန်းထဲက ကုတင်ပေါ်မှာပဲဖြစ်ဖြစ် ထယ်ရယ့်ခြေရာတွေလက်ရာတွေက တစ်အိမ်လုံးနေရာအနှံပြန့်ကျဲကျန်ရစ်ခဲ့တယ်ဆိုတဲ့ ခံစားချက်ကြီးက ရစ်ခီ့အတွက် ချစ်ရသူကို ပြင်းပြင်းထန်ထန်လွမ်းဆွတ်တောင်းတမှုကို ဖြစ်ပေါ်စေတယ်။


အခုလို ထယ်ရယ်မရှိတဲ့ လစ်ဟာမှု ကို ခံစားရလေ ဒီကောင်လေးကို အဆုံးရှုံးမခံနိုင်ဘူး ဆိုတာ ရစ်ခီအတွက်ပိုသေချာ လာလေလေပဲမို့ ရစ်ခီ့အတွက် LDRS ဆိုတဲ့အကြောက်တရားထက် ထယ်ရယ့်ကို အပြီးတိုင်ဆုံးရှုံးရမယ် အကြောက်တရားက ပိုပိုသာသာ ကြီးစိုးသွားစေခဲ့တယ်။

ရစ်ခီကိုယ်တိုင် ပတ်ဝန်းကျင်က သတိမထားမိအောင် အမူယာတွေကိုထိန်းချုပ်နေတဲ့ကြားထဲက ပြုံးရယ်ခြင်းတွေပျောက်ဆုံးနေတဲ့ မျက်နှာ ထားကြောင့်မို့အိမ်ကလူတွေတင်မက သူငယ်ချင်းတွေကပါ ရစ်ခီ့ ရင်ထဲက ခံစားချက်တွေကို အလွယ်တကူ ခံစားနားလည်ပေးနိုင်တယ်တဲ့လေ။


My Spring MelodyWhere stories live. Discover now