Love the way you lie~5

354 43 12
                                    

အိမ်ကိုပြန်ရောက်ရောက်ချင်း အိမ်ရှေ့အပေါက်ဝမှာ မြင်လိုက်ရတာက ခါးထောက်ပြီးမတ်တပ်ရပ်စောင့်နေတဲ့ မက်သျူး၊ အခုလိုမြင်လိုက်ရတော့ ထယ်ရယ့်စိတ်ထဲ သူခိုးလူမိသွားသလို စိုးထိတ်ထိတ်ခံစားချက်က ကြီးစိုးလာတော့ စိတ်ပူစရာမလိုကြောင်း ရစ်ခီက မျက်နှာရိပ်မျက်နှာကဲနဲ့အချက်ပြလိုက်သည်။

ကားပေါ်က ဆင်းလာတော့ အခုလိုနှစ်ယောက်ထဲ တစ်နေရာရာက ပြန်လာတဲ့ပုံစံမျိုးကို သဘောမကျတဲ့ အရိပ်ယောင်တို့က မက်သျူးမျက်နှာထက်မှာထင်ထင်ရှားရှားထင်ဟပ်နေပြီး ထယ်ရယ့်ကိုစီးတားကာမေးလိုက်တယ်
"ဘယ်သွားကြတာလဲ"

အမှားလုပ်ထားတာမရှိပေမဲ့ အမှားလုပ်ထားမိသလိုခံစားချက်မျိုးက ထယ်ရယ့်ရင်ထဲမှာတစ်ချိန်လုံးကြီးစိုးနေတဲ့အပြင် အချစ်ဆုံးသူငယ်ချင်းဖြစ်သူရဲ့ မျက်နှာတည့်တည့်ကိုကြည့်ပြီး ဘယ်လိုများလိမ်ညာရက်မှာလဲ၊ဖြစ်ပျက်ခဲ့သမျှအလုံးစုံကို အမှန်တိုင်းဝန်ခံရန် ကြံစည်နေတုန်းပဲ ထယ်ရယ့်အစား ခပ်သွက်သွက်ဦးအောင်ဝင်ဖြေလိုက်တဲ့ရစ်ခီ
"အတူတူသွားတာမဟုတ်ဘူး လမ်းမှာတွေ့လာတာ"
ခပ်တည်တည်နဲ့ဝင်ဖြေသွားတဲ့ရစ်ခီ့အဖြေကိုကြားပြီးမှ မက်သျူးစိတ်အခြေနေက လက်တစ်ဆစ်လောက်လျော့ကျသွားပုံရသည်။

အနဲငယ်ပြန်ကြည်လင်လျော့ကျသွားတဲ့ အခြေနေ မို့ ထယ်ရယ့်ရင်ထဲကစိုးထိတ်မှုကပမာဏသေးသေးလေးမျှလျော့ကျသွားပေမဲ့ မက်သျူးပြောဖူးတဲ့စကားကိုအမှတ်ရမိသွားပြန်သည်
'မင်းရဲ့အချစ်ဆုံးသူငယ်ချင်းကို ပြောပြသင့်ရက်နဲ့မပြောပြရဲတဲ့ ကိစ္စဆိုတာ မင်းမှားယွင်းတဲ့လုပ်ရက်ကိုလုပ်မိနေပြီလို့ အချက်ပြနေတာတဲ့ဆင်တူတယ်တဲ့'
ဘယ်နေရာကမှားနေတာလဲဆိုတာတော့ ထယ်ရယ်အဖြေရှာမရဘူး၊ အခု မက်သျူးနဲ့တေ့တေ့ဆိုင်ဆိုင်တွေ့နေရမှ ခုနက အပျော်လွန်နေတဲ့ခံစားချက်တွေကဘယ်ရောက်သွားမှန်းတောင် မသိတော့။

မဝံ့မရဲဖြစ်နေတဲ့ထယ်ရယ့်ကိုကြည့်ရင်းမက်သျူးတစ်ခုခုကိုသတိထားမိသွားဟန်ဖြင့်
"နေပါအုံး မင်းအင်္ကျီတွေက ဘာလို့စိုနေတာလဲ"
ထယ်ရယ့် ဇစ်ဖွင့်hoodie အောက်က T-shirtကိုလက်နဲ့လှမ်းစမ်းရင်းမေးလိုက်ခြင်းပင်။

My Spring MelodyWhere stories live. Discover now