Burn For You ~3

393 44 4
                                    

လှိုင်းပုတ်သံ ခပ်သဲ့သဲ့လေးမျှသာ ကြားနေရတဲ့ ထယ်ရယ့်အခန်းထဲကို မနက်ခင်း နေခြည်နုနု ရဲ့ အပိုင်းအစလေး တွေ ကျရောက်လာတာနဲ့ တစ်ပြိုင်နက်မှာ ပဲအပြင်ဘက်သစ်ပင်ပေါ် ကစာကလေး ငှက်တွေရဲ့ ပိကျိ ပိကျိ အော် သံလေး တွေကြောင့် မျက်လွှာနှစ်ဖက်ကို ဖြည်းဖြည်းချင်းဖွင့်လိုက်ရင်း နိုးလာပေမဲ့ အိပ်ချင်နေစဲ ခံစားချက်လေးက တော့ ပျက်ပြယ်သွားခြင်းမရှိသေး။

တစ်နေ့တာလုံးမှာ စိတ်ကူးလှလှလေးတွေ ကို ရွက်လွှင့် ဖို့အကောင်းဆုံးအချိန်က ညဘက် အိပ်စက်အနားယူခါနီးအချိန်နဲ့ မနက်ခင်း အိပ်ယာနိုးခါစ အချိန်လို့ စာအုပ်တွေထဲထဲ့ရေးဖူးကြသလိုပဲ နိုးနိုးချင်း ရွက်လွင့်နေတဲ့ ထယ်ရယ့်အတွေးစိတ်ကူးလေးတွေထဲကို ဝင်ရောက်နေရာယူလာသူက တော့ စူးရှနက်နဲတဲ့မျက်ဝန်းတွေရဲ့ပိုင်ရှင် ရစ်ခီပင်။


ညက ချားရဟတ်ပေါ်မှာ လက်ဖျားနုနုလေးတစ်ဖက်ကိုဆုပ်ကိုင်ထားရင်း သူ့ဝါသနာ ကိုယ့်အကြိုက်ကနေစတင်ပြီး နေ့စဉ်ဘဝရဲ့ ရောက်တတ်ရာရာ လေးတွေ ကို စကားစမြည်ပြောဆိုနေခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့ ချိတ်ဆက်မှုက အချိန်တွေကို ကုန်သွားမှန်းမသိကုန်သွား စေခဲ့သည်။

စိတ်ကူးပိတ်ကားပေါ်မှာမနေ့ညကအဖြစ်ပျက်တွေကို အကျော့ကျော့ပြန်လည် နောက်ကြောင်း ပြန်နေရင်းကနေ မျက်နှာပေါ်က ပြုံးစစ အမူယာလေးတစ်ခုက ရပ်တန့်လို့မရတော့။

အပြင်ဘက်က နေရဲ့ အပူ ရှိန်ကတစ်ဖြည်းဖြည်းမြင့်တက်လာတာမို့ တစ်နေကုန်နီးပါးတော့ အိပ်ယာထဲကွေး နေဖို့တော့ အစီစဉ် မရှိတဲ့ထယ်ရယ်က ကုတင်ပေါ်ကနေကုန်းရုန်းထလိုက်ပြီးမျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးနောက်မနက်စာစားဖို့အောက်ထပ်ကိုဆင်းလာခဲ့လိုက်တယ်။

မက်သျူးက swimming club မှာ part time ဝင်ကူပေးဖို့ volunteer လျှောက်ထားတာမို့ ထယ်ရယ့်ကိုအဖော်လာခေါ်ပေမဲ့ လူများပြီး ဆူညံတဲ့နေရာ တွေအစား တစ်နေကုန်အခန်းထောင့် မှာခွေပြီး ဂစ်တာတီးရင်တီး ဂိမ်းဆော့ရင်ဆော့လုပ်တာက ပိုကောင်းလိမ့်မည်ဆိုတဲ့အတွေးကြောင့် ငြင်းလိုက်ပေမဲ့ အခု အိမ်မှာ ထယ်ရယ်နှင့် မေမေ၊ အန်တီမော်လီတို့အစား မည်သူ တစ်ဦးတစ်ယောက်မှ ရှိမနေတော့ အနဲငယ်လေးတော့နောင်တ ရချင်ချင်ဖြစ်မိသည်။

My Spring MelodyWhere stories live. Discover now