My Spring Melody(End)

301 46 14
                                    

အချိန်ရာသီစက်ဝန်းကတော့ နွေဦးနဲ့နွေ၊ ဆောင်းဦးနဲ့ဆောင်း လေးရာသီပတ်လုံးဟာ တစ်နှစ်ပြီးတစ်နှစ်သူအလိုလို ကုန်ဆုံးသွားခဲ့ရတော့တယ်။

နွေဦးရာသီကိုတစ်ဖန်ပြန်လည်ရောက်ရှိလာပြီမို့တက္ကသိုလ်ကျောင်းလမ်းလေးရဲ့ အဝင်ဝက အစီအရီပေါက်ရောက်နေတဲ့ သစ်ပင်တန်းတွေထက်မှာ ရွက်ဟောင်းတွေကြွေပြီးရွက်သစ်ရွက်နုလေးတွေ ထွက်လာပြီဖြစ်သည်။

University of California(Berkeley) ဆိုတဲ့ကျောင်းဆိုင်းပုဒ်ကြီးရဲ့ နောက်ဘက်မလှမ်းမကမ်းမှာရှိတဲ့ ကျောင်းဆောင်ကြီးရဲ့ ရှေ့မျက်နှာစာလျှောက်လမ်းပေါ်မှာ အတန်းနောက်ကျနေပြီဖြစ်လို့ ခြေလှမ်းအရှိန်ကိုခပ်သွက်သွက်လေးမြှင့်တင်သွားလိုက်တယ်။

အတန်းထဲကိုဝင်လျှင်ဝင်ခြင်းပဲ လက်ထဲမှာပိုက်ထားတဲ့ စာအုပ်တွေကို အစီအရီနေရာချထားလိုက်ပြီးနောက်
"Morning Students...."

"Morning Professor Kim"
ကျောင်းသားတွေကလဲ သူ့နည်းတူစွာ တစ်ညီတစ်ညွတ်ထဲပြန်လည်နှုတ်ဆက်လာတော့ ဂီတနဲ့အနုပညာမေဂျာရဲ့ပါမောက္ခဖြစ်သူ ကင်မ်ထယ်ရယ် က မျက်နှာပေါ်ကပါးချိုင့်လေးပေါ်အောင်နွေးထွေးစွာပြုံးပြလိုက်ရင်း မျက်မှန်လေးကိုတစ်ချက်ပင့်တင်လိုက်တယ်။

ဒီနေ့စာသင်ချိန်ပြီးရင် နွေကျောင်းပိတ်ရက်ကိုရောက်ရှိပြီမို့ ပေးစရာရှိတဲ့ lectureတွေကိုပေးပြီး ထပ်စရာရှိတဲ့assignmentတွေကိုပြသခဲ့လိုက်ပြီးနောက် အတန်းပြီးဆုံးကြောင်းနှုတ်ဆက်စကားဆိုလိုက်ရာ အတန်းထဲကအသွက်လက်ဆုံးကျောင်းသူလေးတစ်ယောက်ကမေးစရာတစ်ခုခုရှိတဲ့ပုံစံနဲ့ လက်ထောင်ပြလိုက်တယ်။

"ဟုတ်ကဲ့ ပြောပါ မစ္စအဲလိစ်"

"ပရော်ဖက်ဆာ.....
သမီးအရင်ကတည်းကသိချငိနေတဲ့အကြောင်းလေးကို ဒီနေ့မှ မေးမလို့ပါ

ပရော်ဖက်ဆာကိုယ်တိုင်ရေးထားတဲ့
'My Spring Melody'ဆိုတဲ့သီချငိးက
ပရော်ဖက်ဆာ နွေရာသီတစ်ခုမှာချစ်ခဲ့မိတဲ့အချစ်ဦးအကြောင်းရေးထားတယ်လို့ကြားသိရပါတယ်
အခုအဲ့အချစ်ဦးဘယ်ရောက်သွားပြီလဲဟင်
သူနဲ့အဆက်သွယ်ရသေးလား?"


My Spring MelodyWhere stories live. Discover now