Rewrite The Stars~10

265 34 2
                                    

"ကျွန်တော် မက်သျူးနဲ့ စကားပြောခဲ့ပြီးပြီ"

"အွန်း တော်သေးတာပေါ့"

ညရဲ့ပင်လယ်လေထုနဲ့အပြိုင် အေးစက်စက်ဖြစ်နေတဲ့ ရစ်ခီရဲ့ အမူယာက ထယ်ရယ့်ခေါင်းထဲမှာ စက္ကန့်ပိုင်းအတွင်း အမေးသင်္ကေတတွေပြေးလွှား နေစေတယ်။ညဘက်ကမ်းခြေဘေးမှာထိုင်နေကြတဲ့ နှစ်ယောက်ကြားထဲ တိတ်ဆိတ်ငြိမ်သက်နေတာမို့ ရေလှိုင်းသံ ကပဲ လအလင်းရောင်မှိန်ပြပြ ကျရောက်နေတဲ့ ကမ်းစပ်နားက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားလျက်။

ညနက်လာတာနဲ့အမျှ အေးစက်နေတဲ့ပင်လယ်ရေမျက်နှာပြင်ပေါ်ကနေ ဖြတ်သန်းတိုက်ခတ်နေတဲ့လေက ကျောရိုးထဲစိမ့်ရုံမျှ ပိုပိုအေးလာတဲ့ ခံစားမှုရဲ့ လှုံဆော်မှုကြောင့် ဦးနှောက်ကနေပြီး ထယ်ရယ့်လက်ဖျားတွေကို အချင်းချင်းပွတ်သတ်ပြီးအနွေးဓာတ်ရစေဖို့ အလိုလျောက်ခိုင်းစေမှုကိုအစပြုတော့တယ်။

လက်နှစ်ဖက်အချင်းချင်းပွတ်သတ်လိုက် ထိုလက်တွေနဲ့ ကိုယ့်လက်မောင်းတွေကိုယ်ပြန်ပွေ့ဖက်လိုက်နဲ့အအေးဓာတ်ကို သက်သာဖို့ ကြိုးစားအားထုတ်နေတဲ့ထယ်ရယ့်အမူယာက ရှုပ်ထွေးနောက်ကျိနေတဲ့အတွေးအာရုံ တွေကြားထဲကနေ ဖြတ်သန်းဝင်ရောက်လာတာမို့ သတိထားမိသွားတဲ့ရစ်ခီက
"အေးနေပြီဆို အထဲဝင်ကြမလား"

ပါးစပ်ကထွက်လာတဲ့စကားနဲ့ မျက်နှာအမူယာရဲ့ ကိုက်ညီမှုမရှိပုံက ထယ်ရယ်အေးနေပြီမို့အထဲပြန်ဝင်ကြမလားလို့မေးခွန်းထုတ်နေတဲ့ ရစ်ခီ့ရဲ့မျက်ဝန်းအိမ်ထဲမှာပြောစရာစကားတွေအစီအရီရှိနေသေးပေမဲ့ လွယ်လွယ်ပြောထွက်မနေတာကို အတိုင်းသားမြင်နေရတာကြောင့်
"ရစ်ခီ....ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်နော်"

"ဘာကိုလဲ"

"ကျွန်တော်အကုန်မြင်နေရတယ် ရစ်ခီ့မျက်လုံးတွေကတစ်ဆင့်လေ"

ထယ်ရယ့်ဘက်ကစကားလမ်းကြောင်းခင်းပေးလိုက်တော့မှပဲ၊ ရှုပ်ထွေးမွန်းကြပ်နေတဲ့ အတွေးစလေးတွေကို စကားလုံးအဖြစ်နဲ့ ဖော်ပြခွင့်ရတော့မဲ့ရစ်ခီက ရာခိုင်နှုန်းအနည်းငယ်မျှပေါ့ပါးသက်သာသွားမှုကိုသက်ပြင်းတစ်ချက်ချရင်းဖော်ပြတယ်။

My Spring MelodyWhere stories live. Discover now