You're the love of my life~7

399 52 7
                                    

ဒုတိယအကြိမ်မြောက်စတင်လာတဲ့ နှစ်ဦးတည်းသီးသန့်အချစ်ခရီးလေးမှာလဲ မေးစရာမလိုအောင်ဦးဆောင်နေတဲ့သူကရစ်ခီ၊ ဒုတိယအကြိမ်မလို့ ပထမဆုံးအခေါက်လောက်နူးညံ့စွာ ကိုင်တွယ်ခြင်းမရှိတော့ တဲ့ ရစ်ခီ့ရဲ့ စိတ်ဆန္ဒတွေက ပိုပိုပြီးပြင်းထန်လာနေတာသိသာတာမို့ နာကျင်နေပေမဲ့ လဲ ရစ်ခီပေးစွမ်းတဲ့နာကျင်မှုကိုပဲ သဘောတကျ လိုချင်တပ်မက်မိပြန်တဲ့ထယ်ရယ်။

ထိတွေ့ဆက်နွယ်နေတဲ့ခန္ဓာကိုယ်နှစ်ခုနဲ့အတူ ထယ်ရယ့်လည်ပင်းကနေမှ တစ်ဆင့် ပခုံး တစ်ဝိုက်နဲ့ရင်ဘတ်နားတွေထိ ဝဲပျံလျက်ရှိတဲ့ ရစ်ခီ့နှုတ်ခမ်းတွေက နေ ခပ်နွေးနွေး ခံစား ချက်ကိုပေးစွမ်းနေလေတယ်။

ကမ်းခြေရဲ့နေဝင်ချိန် ကနေမှတစ်ဆင့် စတင် ပွင့်လင်းလာခဲ့တဲ့သူတို့ရဲ့အချစ်ရေးက အခုဆို တစ်ပတ်လောက်ကြာပြီးတဲ့အပြင် ဒုတိယအကြိမ်ပြန်လည်စတင်နေတဲ့ အချစ်ခရီး၊ တစ်ပတ်အတွင်း ထယ်ရယ် ဆိုးသမျှကောက်သမျှ ဂျစ်တိုက်သမျှကို စိတ်ရှည်ရှည်နဲ့ အရှုံးပေး ချော့မြူနေသူ ရစ်ခီ က ဒီလိုသီးသန့်အချိန်မျိုးမှာဆိုရင်တော့ သူ့ကိုအနိုင်ပေး ရမယ်လို့ ပြောစရာမလိုအောင်ကိုအသားစီးရယူပြီးအနိုင်ကျင့်နေတာမို့ ထယ်ရယ့်ခင်မျာ ရစ်ခီ ပြုသမျှနုနေရတဲ့အရုပ်ကလေးလိုမျိုး၊

ရစ်ခီ့အခန်းထဲကအိပ်ယာထက်မှာ အသက်ရှူသံခပ်ပြင်းပြင်းတွေနဲ့အတူထယ်ရယ့်ပါးစပ်ဖျားက ဆွဲငင်စွာခေါ်နေတဲ့ရစ်ခီနာမည်ကို ဘယ်နှကြိမ်ကြားကြား ရိုးအီသွားခြင်းမရှိပဲ စွဲလန်းနေမိပြန်တာမို့ ဒါတွေအားလုံးက ရစ်ခီတစ်ဦးတစ်ယောက်ထဲ အပိုင်ဖြစ်ကြောင်း ကိုက်ခဲခံလိုက်ရတဲ့ ထယ်ရယ့်ပခုံးနားတစ်ဝိုက်က အမှတ်သားတွေကပြသနေလေတယ်။

နှစ်ဦးနှစ်ဖက်လုံးရဲ့ ဆန္ဒတွေပြည့်မြောက်သွားပြီးတဲ့အချိန်မှာတော့ တစ်ယောက်ကိုတစ်ယောက် မြတ်နိုးတန်ဖိုးထားချင်စရာ အရာတစ်ခုကိုပိုင်ဆိုင်ထားသလိုမျိုး မျက်ဝန်းနဲ့အကြည့်တွေကတစ်ဆင့်ဖော်ပြကြရင်း စကားလုံးတွေနဲ့ဖော်ပြဖို့ကိုလဲမမေ့မလျော့၊နှစ်ဦးတည်း သီးသန့်ကမ္ဘာလေးထဲ ကြည်နူးသာယာနေကြတုန်း ရစ်ခီ့ အခန်းတံခါးကိုလာ ခေါက်သံကြောင့် နှစ်ယောက်လုံး မျက်လုံးများပင် ပြူးကျယ်ပြီး လန့်ဖြန့်သွားကြရာ ထယ်ရယ့်မှာဘယ်နားပြေးပုန်းလို့ပုန်းရမယ်မသိ၊

My Spring MelodyWhere stories live. Discover now