အပိုင်း 1

871 43 8
                                    

Unicode

    ပင်းပိတ်နေအောင် မှောင်မဲနေသော အခန်းငယ်တစ်ခု အတွင်းရှိလေထုဟာ သိသိသာသာ အေးစက်လို့ နေ၏။အဝါရောင်မီးဖျော့ဖျော့လေး တစ်ခုဟာ အခန်းအတွင်းရှိ အမှောင်ထုကို အပြည့်၀ တွန်းလှန်နိုင်စွမ်းမရှိ။
     ညှီစို့ စို့ အနံ့ အသက်များဟာ စောစောကမှ တိရစ္ဆာန် တစ်ကောင် ကောင် သို့တည်းမဟုတ် လူ၏ ခန္ဓာကိုယ်မှ စိမ့်ထွက်လာသော သွေးညှီနံ့များဟာ အေးစက်နေသော လေထုအတွင်း ကူးလူးပျံ့နှံ့နေလေ၏။
ဆိုဖာ အနက်ရောင်ပေါ်တွင် ခြေချိတ်ကာ ထိုင်နေသော လူငယ်လေးတစ်ဦး အနက် ရောင် ဘွတ်ဖိနပ်ရှည်ဟာ သွေးများကပ်ညှိနေကာ စေးကပ်ကပ်ဖြစ်လို့နေ၏။
     ထိုလူငယ်၏ ရှေ့တွင် ‌လက်နောက်ပြစ်ကာ သေနေသော သတ်လတ်ပိုင်းလူကြီးတစ်ဦး။ ထိုလူငယ်၏ လက် ထဲတွင် ဘစ်ဘော့ ရိုက်တံတစ်ချောင်းဟာ သွေးတစက်စက် ကျဆင်းနေလေ၏။ ထိုလူငယ်ရဲ့ မျက်နှာမှာ စိတ်ပျက်နေသော အမူအရာဖြင့် မိမိရှေ့ ရှိ သေနေသော သူကို ခပ်စိမ်းစိမ်းကြည့်နေလေ၏။

"ကျစ်!!..တစ်ချက်ဘဲ ရိုက်ရသေးတယ်.."

  စိတ်ကုန်နေသော လေသံဟာ အလျှင်မြန်သေသွားသော သူကို မကြည်နေခြင်းဖြစ်သည်။ညှင်းညှင်းခြင်းသတ်ရတာကို ဝါသနာပါသူမို့ တစ်ချက်ထဲနဲ့ အသက်ပျောက်သွားသော လူတိုင်းကို သိပ်မကြည်ချင်လှ။ဝါသနာ ရှောင်ကျန့် ဝါသနာက ပြောရရင် ထူးဆန်းနေလိမ့်မယ် လူသတ်ရတာ တဖြေးဖြေးချင်း  နည်းနည်းခြင်း ခံစားစေချင်တာ။ခန္ဓာကိုယ်တစ်ခုလုံးကို လုံးပါး ပါးအောင် လုပ်ပြစ်ချင်တာ။

  "H!!....ဒီကောင်ကို ဆွဲခေါ်သွား...‌ကျားစာကျွေးပြစ်လိုက်"

"ဟုတ်"

   အလင်းရောင် ခပ်ဖျော့ ဖျော့ အောက်သို့ အနက်ရောင် ၀မ်းဆတ်ဖြင့် လူငယ်တစ်ဦး အမှောင်ထဲမှ ထွက်လာကာ သေနေသော လူလတ်ပိုင်း လူကြီးကို တရွတ်တိုက်ဆွဲခေါ်သွားသည်။ခေါင်းတစ်ခု လုံးဟာ ကျေမွနေတာကြောင့် ဆွဲခံရသော နေရာတလျောက် သွေးရာများ ကို အဆတ်မပျက် တွေ့မြင်နေရသည်။ရှောင်ကျန်း သံတုတ်ကို ဆိုဖာ ဘေးသို့ ပြစ်စလက်ခတ် ပြစ်ထည့်လိုက်ကာ ပြန်ထိုင်လိုက်သည်။

Role {System} (Complete ✓)Where stories live. Discover now