အပိုင်း 9

318 28 4
                                    

 Unicode

နေမကောင်းနေလို့ UPကြာသွားတယ်ಥ⁠‿⁠ಥ

Cmကနေလည်းupသာသာလို့ ရေးပေးလည်း စိတ်မဆိုးပါဘူးလို့

*******

   အနည်းငယ် နောက်နေသော ခေါင်း ကြောင့် ရိပေါ် အိပ်ယာပေါ်ကနေ မျက်လုံးမဖွင့်မိ တဖြည်းဖြည်းတိုး၀င်လာသော မှတ်ဉာဏ်များကို မျက်လုံးမှိတ်ကာ အစီစဉ်တကျ ဖြစ်စေရန် ဦးနှောက်ကို အလုပ်ပေးလိုက်သည်။တဖြည်းဖြည်းတည်ငြိမ်လာတော့မှ အလန့်တကြား ဘေးဘက်နေရာလေးကို စမ်းကြည့်မိတော့ အနွေးဓာတ်ကလေးကျန်နေသေးတာကို သိတော့မှ သက်ပြင်းချမိသည်။

"ကျန့်...ကိုယ်ဒီတစ်ခါတော့ မင်းကို အပျောက်မခံနိုင်တော့ဘူး...."

အိပ်ယာပေါ်မှ အမြန်ထကာ အခန်းအတွင်းမှ အမြန်ထွက်လိုက်ပြီး ကိုယ့်ရဲ့တစ်ဦးတည်းသော ချစ်သည်းညှာကို အရင်ဦးဆုံးရှာမိသည်။

"ကျန့်..."

"...."

  အနက်ရောင်ပုံရိပ်လေး၏ နောက်ကျောပြင်ကို ပြေးကာ ဖတ်လိုက်မိတော့ တဒေါင်ဆစ်ဖြင့် ဗိုက်ကို အတွတ်ခံလိုက်ရတာကို ရိပေါ် နောက်မဆုတ်မိပါ။

"ကျစ်..!.."

"တကယ်ဘဲ ကိုယ့်ကို မမှတ်မိတော့ဘူးလား..ကျန့်.."

"ဘာသောက်ရူးထနေတာလဲ...ကျစ်!"

  အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိသွားတယ်။ရှေ့ရှိ ရွက်စုတ်လေးကို ကြည့်မိတော့ 2021ကို ညွှန်ပြနေတာကို သတိထားမိသွားသည်။

"ဘာလို့ dateလွန်နေတဲ့ ရွက်စုတ်တွေကို မပြစ်လိုက်တာလဲ အခု2023ကို ရောက်နေပြီကို"

  မျက်မှောင်ကျုံ့ကာ ကြည့်လာသူကြောင့်

"ဘာလဲ..ကိုယ်ပြောတာမှားနေလို့လား.."

ဂေါက်ကြောင်ကြောင်နေတာလားဟူသော အကြည့်မျိုးကို ပြန်အကြည့်ခံလိုက်ရတာကြောင့် အနည်းငယ် စိတ်တိုမိသွားရသည်။

"ဘာလဲ..ခင်များဘာသူကြောင်ချင်ရင် တစ်ခြားနေရာသွားကြောင်...ဒီမှာ အရူးတွေအတွက် ဆေးမရှိဘူး.."

   အချိန်နောက်ပြန်ရောက်လာခဲ့တာကို ရိပေါ် အတည်ပြုပြီးနောက် ပြောင်းလဲသွားသော ချစ်သည်းညှာကို သတိထားမိလာသည်။ယခင်ကလို နူညံ့သောအသွင်မျိုး မဟုတ်လေတော့ တစ်မျိုးဆွဲဆောင်မှုရှိနေသလို မျိုး။

Role {System} (Complete ✓)Where stories live. Discover now