အပိုင်း 4

389 35 6
                                    

Unicode

"ကိုကိုရိပေါ်..."

  သကြားလုံးလေးလို ချိုမြနေသော အသံပိုင်ရှင်ဟာ ရိပေါ်ခုံရှေ့တွင် လက်နှစ်ဖတ်ကို မထားတတ်ဟန် ။

"အားတယ်လေ...ရှင်းအာ."

"ဟိုလေ..ညီမနဲ့ လိုက်ခဲ့ပါလားဟင်..ပြောစရာရှိလို့.."

"Wow!!!....ရိပေါ်မင်းကို အဖြေပေးတော့မှာနေမှာ"

ရွီပင်းမှ ရိပေါ် နား နားကပ်ကာ တိုးတိုးလေးပြောသည်။ ရိပေါ်မှ မျက်ခုံးတစ်ချက်ကို ပင့်တင်ကာ ငါမပြောဘူးလား ဟူသော အကြည့်ဖြင့် ရွီပင်းကို တစ်ချက် မျက်ခုံးပင့်ပြကာ ရှင်းအာဆိုသော ချစ်စရာကောင်မလေး နောက် အမြန်လိုက်ခဲ့ရသည်။

"ရိပေါ်ကိုကို...ညီမမှာ ကြိုက်နေတဲ့လူရှိသွားလို့..အဲ့ဒါ တောင်းပန်ပါတယ်"

"ဘယ်သူလဲ!!...."

  ဟန်ရှင်းအာ၏ မျက်၀န်းများဟာ စာသင်ခန်းအတွင်းရှိ ခုံကို ကျောမှီကာ လက်ပိုက်ထားသော သူဆီသို့သာ။ရိပေါ်  မျက်လုံးဖြင့် လိုက်ကြည့်မိတော့

"ကျစ်!!...မင်းဘယ်ကတဲ့ သူ့ကို သဘောကျသွားတာလဲ.."

"စောနလေးတင် ...ဟီး."

  ချစ်စရာကောင်းစွာ ပြုံးပြကာ အတန်းထဲသို့ ခုန်ဆွ ခုန်ဆွသွားကာ ရှောင်ကျန့် ရှေ့ရပ်လိုက်ပြီး ဟန်ရှင်းအာသည် ရှောင်ကျန်း၏ ဘယ်ဘက် ပေါင်ပေါ်သို့ တတ်ထိုင်ကာ တီးတိုးပြောနေသည်။

  ထို‌‌အ ခြေအနေ အလုံးဆုံကို အစ အဆုံးမြင်လိုက်သော ရွီပင်းမှာ ရိပေါ် အနားအမြန်သွားကာ

"ရိပေါ်..မင်းဟာက မထင်ရဘူးနော်..မင်းထက် ခြေရှုပ်မဲ့ ပုံဘဲ ကြည့်ရတာ"

"ကျစ်!!... "

  ရိပေါ် အမြန် အခန်းတွင်း ခြေလှမ်းကျဲကြီးများဖြင့် ရှောင်ကျန့်ရှေ့ရပ်ကာ

"ခင်များ ..ဘာအချိုး ချိုး‌နေတာလဲ!!..ဟမ်!!"

  ရှောင်ကျန့်က လက်ကို ဟန်ရှင်းအာ၏ ပေါင်ပေါ်သို့ တင်လိုက်ပြီး ခပ်ထေ့ထေ့ အပြုံးတစ်ခု နှုတ်ခမ်းတွင် တွဲခိုလျက်

"ရည်းစားထားတာလေ..ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကောင်မလေးကို ဘယ်သူကရော ရည်းစားမတော်ချင်ဘဲနေပါ့မလဲ ..အော် ..မေ့နေတာ..မိတ်ဆက်ပေးရအုံးမယ်..ဒါက ကိုယ့်ကောင်မလေး..အမည်က..ဟန်ရှင်းအာတဲ့.."

Role {System} (Complete ✓)Where stories live. Discover now