အပိုင်း 5

367 31 3
                                    

   Unicode

  "ငပျော့ကောင်...!!..ငပျော့ကောင်က ..
ငပျော့ကောင်ဘဲ.."

"သား၀မ်...မား..သားရှောင်ကို အဲ့လို ခေါ်တာ မကြိုက်ဘူးလို့..ဘယ်နှခါပြောရအုံးမှာလဲ.."

"မား..ခေါ်တာ မကြိုက်ရင်..နားကျပ်၀ယ်ပေးမယ်...သားက တော့ ခေါ်မှာဘဲ"

  "သား၀မ်!!....မားသတင်းကြားထားတယ်နော်..သားရှောင်ကို အနိုင်ကျင့်တယ်ဆိုတာ"

"ကျစ်..!!အဲ့ကောင် မားကို တိုင်ပြောလိုက်တာမလား.....သူအရင် ရန်လာစတာကိုကော မားမမြင်ဘူးလား..."

"သားရှောင်က အရင်ရန်လာစမဲ့လူမျိုးမဟုတ်ဘူး.."

"သား လိုက်နေတဲ့ ကောင်မလေးကို ဖျတ်ခုတ်သွားတာကရော..."

၀မ်မား၏ မျက်နှာဟာ ခတ်ထန်နေကာ ရိပေါ်ကို ဒေါသထွက်နေသော မျက်လုံးဖြင့်အရင်လို ခပ်ပြုံးပြုံးမပြောနိုင်တော့

"သား၀မ်...အခုသားက စေ့စပ် ပြီးသားလူနော်..မားဒီတစ်ခါ နောက်ဆုံးသတိပေးတာဘဲ"

"တစ်အိမ်လုံး အဲ့ကောင်ဘက် ပါနေတာဘဲ..မား ..မွေးထားတာက ၀မ်ရိပေါ်ဆိုတဲ့ မားရဲ့သား..ဘာလို့ တစိမ်းတစ်ယောက်ကို သားထက် ပိုအရေးပေးနေရတာလဲ"

၀မ်မားက ထပ်ပြီး ဩဝါဒ ဆက်မချွေဖြစ် ဘယ်လို ဘဲဖြစ်ဖြစ် ပြောလည်း နား၀င်မည့်သူ မဟုတ်တာကို သိသည်။ ရှောင်ကျန့် က နံရံအကွယ်ကနေ  ဆေးလိပ်ကို ပါးစပ်တွင် ခဲထားကာ ‌ကြည့်လာသော ရိပေါ်ကို မျက်ခုံးတစ်ချက်ပင့်ပြလိုက်သည်။

"တောက်!!.."

"သား၀မ်..ညကြီး ဘယ်သွားမလို့လဲ"

"ကျစ်!..."

ကြည်လင်နေသော ဖန်စားပွဲပေါ်မှ သော့ကိုယူပြီး အပြင်ကို ခြေဆောင့်ကာထွက်သွားသည်။ ၀မ်မား၏ မျက်လုံးမှာ အားနာဟန်အပြည့်ဖြင့် ရှောင်ကျန့်ဘက်ကို လှည့်ကြည့်လာတာကြောင့်

"သားရှောင်...သား၀မ်အစား..တောင်းပန်ပါတယ်"

"မလိုပါဘူး..အန်တီ.."

"အေးကွယ်...အလိုက်ကန်းဆိုးမသိတဲ့ သားကို မွေးမိတာ.."

  ၀မ်မား၏ ပြောစကားများကို ရှောင်ကျန့်မျက်လွှာချကာ ဆေးလိပ်ကို သာ တရှိုက်မက်မက် သောက်မိသည်။ အခုတလော တစ်နေ့လျှင် ဆေးလိပ်တစ်ဘူးကတော့  အသာကုန်သည်။ ရှောင်ကျန့် မိမိအခန်းကို ပြန်သွားကာ ကုတင်ရှေ့ရှိ ထိုင်ခုံလေးပေါ် ခြေချိတ်ထိုင်ကာ လက်ကို ခုံ၏ လက်ရန်းပေါ်သို့ တင်လိုက်ပြီး လက်ညိုးတစ်ချောင်းမှ တတောက်တောက်ဖြင့် တည်းခေါက်နေလေ၏။

Role {System} (Complete ✓)Where stories live. Discover now