အပိုင်း 2

536 39 1
                                    

  Unicode

"ကူပြောင်းခြင်း လမ်းတစ်၀က်ရောက်နေပါပြီ......"

  ‌ဟင်လင်းပြင် အဖြူရောင် အလင်းတန်းများဟာ ကူးလူးပျံသန်းနေ၏။ရှောင်ကျန့် သတိ၀င်လာသော်လည်း ခန္ဓာကိုယ်ဟာ လှုပ်လို့မရဘဲ ရှိနေလေ၏။တော်သေးသည်က စကားပြောလို့ ရသေးတာကို ပင်။ဘေးတွင်အမှီးလေး နှံတန့်တန့်နှင့် ပျံသန်းနေသော စက်ရုပ် ပေါက်စလေးကို ဝါးစားမတတ်စိုက်ကြည့်ရင်း

"မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ"

"ရွေးချယ် ခံရတဲ့ သူ လောစရာမလိုပါဘူး..Hot ရဲ့ ရွေးချယ်ထားခြင်းခံရတာ နည်းတဲ့ ကုသိုလ် မှတ်နေ"

  စက်ရုပ်လေးမှာ မျက်နှာကို ဟန်ချီကာ ကြွစောင်းစောင်း ပြောလို့နေ၏။စိတ်မရှည်မှုဟာ ရှောင်ကျန့်ကိုယ်ထဲ စီးဆင်လို့ လာခဲ့၏။

"Hot....ဝေ့မော်ကို ပြောတာမလား..ငါ့ကို အခုချက်ခြင်း  ပြန်ပို့ပေး"

"မရတော့ပါဘူး...လမ်းတစ်၀က်ရောက်နေပြီ ကူးပြောင်းခြင်း ခံရတဲ့လူ ကမ္ဘာကို ပြန်သွားချင်ရင် ၀တ္ထုကို အစအဆုံးရေးပေးရပါတယ်"

"ကျစ်!!..စိတ်ရှုပ်လိုက်တာ.."

"Not Lovely ၀တ္ထုကို လူကြိုက်များအောင် ပြုလုပ်ပေးရပါမယ်"

တာ၀န်1= စိတ်၀င်စားမှုကို ရရှိစေရန်
တာ၀န်2=..ပြီးဆုံးအောင်ရေးရပါမယ်
တာ၀န်4= ဇာက်ကောင် ကာရိုက်တာမှကွဲ
                    ထွက်ရပါမယ်
အမှာစကား=ခရီးလမ်းပျော်ရွှင်ပါ‌စေ

  ရှောင်ကျန့် ရှေ့သို့ ပေါ်လာသော စာကြောင်းများကို မျက်မှောင်ကုတ်ကာ ဖတ်လိုက်သည်။

"ကောင်းပြီ"

  

လက်ခံရရှိပါသည်။system လုပ်ငန်းအသက်၀င်နေပါပြီ။

**********************

  မြင်ကွင်းဟာ ရုတ်ချည်းပြောင်းလဲသွားကာ လောကတစ်ခုလုံးအမှောင် အတိ မေ့လျော့နေခဲ့သည်တော့ မဟုတ် သတိကရှိနေသေး၏။

"သားငယ်...သားငယ်"

"......"

"ကျစ်!!...ငပျော့ကောင်..ထတော့..ဟန်ဆောင်မနေနဲ့ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ"

Role {System} (Complete ✓)Where stories live. Discover now