အပိုင်း 10

290 28 7
                                    

 Unicode

ဂါ၀န်အပြာနုရောင် ခပ်ဖျော့ဖျော့လေးက လေးရူးရာ ယိမ့်နွဲ့ နေလေ၏။တပ်ထားသော ဂုတ်ဝဲဆံပင် အတုလေးဟာလည်း လေထဲ လွှင့်မြောနေကာ တစ်ခါ တရံ ခေါင်းပေါ်မှ ပြုတ်ကျသွားမည်ကို စိုးရိမ်မိတာ‌ ကြောင့်လက် တစ်ဖတ်ဖြင့် ထိန်းထားရသေးတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျန့်သာ သဘောကျရင် ဒီလို အနေရခတ်တဲ့ အခြေအနေက ပုရွတ်ဆိတ်ကိုက်တာလောက်ဘဲရှိတယ်။

"ကော...လို့သဘောမကျဘူးလားဟင်"

အသံကို အတတ်နိုင်ဆုံးချွဲပြစ်အောင်လုပ်ယူပြောလိုက်တော့ ရေသောက်ရင်းသီးသွားသူကြောင့် အမြန်အနားသွားကာကျောကို ခပ်ဖွဖွ ပုတ်ပေးတော့ လက်ကို ပုတ်ထုတ်ခြင်းခံလိုက်ရသည်။

"ဖယ်စမ်း!!..ကျစ်!..အခုချက်ခြင်း ခင်များ၀တ်ထားတဲ့ အင်္ကျီတွေကို သာ အမြန်သွားလဲ.."

"အင်းပါ..ကောမကြိုက်ဘူးဆိုလည်း..ထားတော့.."

အမြန်သွားလဲပြီး ခပ်ပေါ့ပေါ့ပါးပါး၀တ်စုံကို ကောက်စွတ်လိုက်ကာ

"ကျွန်တော် လဲပြီးသွားပြီ.."

"ဘာ..အင်္ကျီလဲလိုက်ယုံနဲ့ ယီးပြဲသွားတာလား.."

"ဟမ်?...အ၀တ်စားလဲထားတယ်ပြောတာ.."

"ကောင်းပြီ...၀မ်ရိပေါ်.."

"ကိုယ့်ကို ၀မ်လို့ခေါ်လေ."

"ဖူး!..အဟွတ်!..ဟွတ်!.."

  ထပ်ပြီး အံ့ဩစရာ ထပ်ပြောလာပြန်တယ်။

'ဒီကောင် တစ်ကန့်လွှတ်နေတာလား..ငါဘဲကြောင်နေတာလား?'

  ရှောင်ကျန့်ဘယ်လိုမှ မတွေးနိုင်တော့ပါ။

"မခေါ်နိုင်ဘူး..."

"ဘာလို့လဲ အရင်ကလည်း ခေါ်နေကြကို"

"ဘာပြောတာ.."

   "ဘာမှမဟုတ်ဘူး.."

  ရိပေါ်ရဲ့ ပါးစပ်ကို အမြန် ဘရိတ်အုပ်လိုက်ရတယ်။မဟုတ်ရင် ‌ကျန့်လန့်ပြီး သတိလစ်သွားမှ ဒုက္ခ။ဟူး..အကုန်လုံးကို အစကပြန်စရတာ လွယ်တယ်များထင်နေကြတာလား။

  လူတစ်ချို့ကြ အချိန်တွေကို နောက်ပြန်ရောက်ချင်ကြတယ်။သူတို့ မသိတာက ကိုယ်ပြင်ချင်တဲ့ အရာကိုဘဲ ပြန်ပြင်နိုင်မယ် ဒီကြားထဲ တည်ဆောက်ထားခဲ့တဲ့ သူငယ်ချင်းဆက်ဆံရေး၊ယုံကြည်မှု၊လင်မယားဆက်ဆံရေး၊ကြားထဲ ဖြစ်ပျက်သမျှတွေကိုလည်း အစကနေ ပြန်ပြီး ယုံကြည်မှုရအောင် ပြန်လုပ်ရမယ်ဆိုတာကိုလေ။

Role {System} (Complete ✓)Where stories live. Discover now