အပိုင်း 12

238 18 7
                                    

Unicode   

အစပိုင်း ၊ အလယ်ပိုင်း ၊နောက်ပိုင်း
အချိန်အပိုင်းခြား 3ခုရှိတယ် ပြုံးမယ်၊ငိုမယ်၊ဟန်ဆောင်မယ်၊စိတ်လွတ်သွားမယ် အစချီပြီ မြောက်များစွာသော စိတ်‌ေနစိတ်ထားမျိုးစုံရှိတယ်။
ဉာဏ်ကောင်းတယ်၊တုံးတယ်၊အ တယ် ။

    ရှောင်ကျန့် မှတ်ဉာဏ်များဟာ အမှန်တကယ်တော့ အကုန်ပြန်သတိရနေပြီ ဖြစ်သော်လည်း ထိုမှတ်ဉာဏ်များကို အရင်ခန္ဓာကိုယ်ပိုင်ရှင် ရှောင်ကျန့်၏ မှတ်ဉာဏ်များဟု ပုံသေသတ်မှတ်ထားတာကြောင့် ဘယ်လိုမှမပြောင်းလဲပေ။စက်ရုပ်ကလေး ပေါ်မလာတာ လ၀က်လောက်ရှိနေသည်။အတိကျပြောရလျှင် သူလက်ထပ်ပြီးကတဲ့ဆိုပါတော့။ထိုအချိန်

ရှောင်ကျန့်ရှေ့တွင် အဖြူရောင်စာတန်းလေးများလွင့်ဝဲကာ ဇာတ်ကားတစ်ခုကို စာတန်းထိုးပြသလို

'system ပျက်စီးသွားပါပြီ။
ထို့အတွက်စိတ်မကောင်းပါဘူး
Mission တွေအကုန်ပျက်စီးသွားပါပြီ
ကံကောင်းတာက ဒီကမ္ဘာဟာမပျက်စီးသွားပါဘူး ပုံရိပ်ယောင်က‌နေ အစစ်မှန်ကမ္ဘာကို လုံး၀ပြန်သွားခွင့်မရှိတော့ပါဘူး
ပေါင်းကူးတံတား ကျိုးပျက်သွားပါတယ်
ထို့အတွက် စိတ်မကောင်းဖြစ်ရပါတယ်
မေးခွန်းများ မေးလိုပါသလား?'

  ထို့သို့ တစ်ခုခြင်းစာတန်းထိုးပြီးသောအခါ ရှောင်ကျန့် ကျောမှီထားသော ထိုင်ခုံပေါ်မှ ပျင်းတိ ပျင်းရွဲ့ထကာ Yes ဟုနှိပ်လိုက်လေသည်။ထို့နောက် နောက်ထပ် စာတန်းလေးပေါ်လာပြန်၏။

'ဘာများမေးလိုပါသလဲ.?'

'ပုံရိပ်ယောင်ကမ္ဘာမဟုတ်ဘူးလား။ဘာလို့ မပျက်စီးသွားရတာလဲ'

'ပြန်လည်ဖြေကြားပါတယ် အမှန်တကယ်တော့ ဒီကမ္ဘာဟာ အမှန်တော့ ပုံရိပ်ယောင် တစ်၀က် သက်ရှိကမ္ဘာတစ်၀က်နှင့် ဆောက်လုပ်ထားတာဖြစ်တဲ့အတွက် ထိန်းချုပ်သူ မရှိတော့ရင်တောင် ကမ္ဘာက ဆတ်လက်လည်ပတ်နိုင်ပါသေးတယ်။နောက်ထပ်မေးစရာရှိပါသေးသလား'

'မှတ်ဉာဏ်ကိစ္စကရော။'

ဒါရှောင်ကျန့်စိတ်ထဲ မတင်မကျဖြစ်နေတဲ့ အလုံးကြီးတစ်လုံးဖြစ်သည်။မှတ်ဉာဏ်ဆိုရင်တောင် ဘေးချိတ်ထား၍ ရနိုင်သေးသော်လည်း ခံစားချက်များမှာ လတ်လတ်ဆတ်ဆတ်ဖြစ်နေသည်မို့ မျက်ကွယ်မထားနိုင်တော့ပေ။

Role {System} (Complete ✓)Where stories live. Discover now