အပိုင်း 6

356 29 6
                                    

  Unicode

ညကလပ် မီးရောင်၏ ရောင်စုံကာလာ များဟာ ထို အခန်းအတွင်းရှိလူများပေါ်သို့ ကလူး၏ မြူး၏ ဆိုသလို ရှက်ပြေးနေ၏။ ခပ်မြူးမြူး သီချင်းသံများဟာ ဆူညံ‌နေကာ ကလပ်မီးရောင်အောက် ကနေကြသော သူများဟာ များပြားလှ၏။

"‌Hay..ရိပေါ်..မလာတာတောင်ကြာနေပြီနော်...ဒို့ကို မလွမ်းဘူးလား"

အရက်ခွက်ကိုင်ကာ ရိပေါ်ရှေ့ရပ်နေသော ကောင်မလေးအမည်မှာ ချင်းကျောက်ဟွာ ပင်ဖြစ်သည်။ပေါင်အလယ်ခွဲ စကပ် တိုတိုလေးနှင့် ခန္ဓာကိုယ် ကောက်ကြောင်းလေးကြောင့် ပုရိသကောင်းလေးတိုင်း၏ ပါးစပ်ဖျားက မချ ခေါ်နေတတ်သော အနှီးမိန်းမပျိုလေးဟာ ရိပေါ်ကစားစရာတွေထဲက တစ်ခုဆိုလျှင် ယုံကြမည်မဟုတ်။ဘာလို့ လဲဆိုတော့ အနှီးမိန်းမပျိူလေးဟာ မာနအလွန်ကို ကြီးမားသူလို့ ဘွဲ့ထူးပေးခံရသူဖြစ်တာကြောင့်ပင်။

"မလွမ်းဘူး..."

"ဟွန်း....ဒို့က ရိပေါ်ကို အရမ်းလွမ်းနေရတာ..ရှင်က အရမ်းစိမ်းကားတာဘဲ"

"လဲသေလိုက်...ကျစ်!!...စိတ်မကြည်ရတဲ့ကြားထဲ.."

လက်ဖျောက်တစ်ချက် တီးလိုက်ကာ

"ဒို့သိနေတယ်လေ...စိတ်ညစ်စရာတွေပျောက်သွားအောင် .."

စကားကို တစ်၀က်ရပ်ကာ အခန်းတွင်း အရှို ရှို ၀င်လာကြသော ချစ်စရာကောင်မလေးများကြောင့် ရိပေါ်  က ချင်းကျောက်ဟွာ ဘက်လှည့်လိုက်ကာ မဲ့ပြုံး ပြုံးပြလိုက်သည်။

*******

  ရိပေါ် သွားနေကြာ ကလပ်ကို ရှောင်ကျန့်သိတာကြောင့် အမြန် မောင်းလာရကာ ကလပ်အတွင်းသို့အမြန်၀င်လိုက်သည်။

"ဟဲ့..အဲ့ဒါ ရိပေါ်...ရဲ့.."

"ဟာ..ဘယ်ကသာ..ငခြောက်ကောင်လေ...အခုလည်း ရိပေါ်ကို လာရှာတာနေမှာပေါ့..သူက ရိပေါ်ဆို အရမ်းကပ်တာဆိုဘဲ"

"ဟုတ်လား..ရုပ်လေးကြည့်တော့ မထင်ရဘူးနော်.."

"ဟဲ့..ဟိုမှာ ငါတို့ ဘက်ကြည့်နေပြီ.."

  ‌နားပါးသူမို့ ပြောနေကြသော စကားများကို ရှောင်ကျန့်ကြားနေရသည်။။ ကျစ် တစ်ချက် စုတ်သတ်ရင်း ၀တ္ထုထဲတွင် ‌အတိအကျ ရေးထားသော အခန်းနံပါတ်ကို ရှောင်ကျန့်
အမြန်ရှာရသည်။ထိုကလပ်သည် ၀မ်ရိပေါ် စိတ်မကြည်လျှင် သွား‌နေကျ ကလပ်တစ်ခုဖြစ်သည်။၀တ်ထားသော အနက်ရောင် ဆွယ်တာ လည်းပင်းပိတ်လေးကြောင့် အနည်းငယ် ချွေးဆို့နေလေ၏။

Role {System} (Complete ✓)Where stories live. Discover now