အပိုင်း 13

226 17 2
                                    

Unicode


"ဝေ့မော်.."

ရေးလက်စ စာရွက်ဖွေးဖွေးပေါ်မှ စလုံးအနည်းငယ်စီမှ အကြည့်မရွေ့ဘဲ အင်းဟုအသံပြုမိသည်။ဝေ့မော်အသက် 13နှစ် ငယ်စဉ်ကတဲ့က စာရေးအထုံပါသူတော့မဟုတ် ။

"ဝေ့မော်....မင်းကကွာ ငါလာတာကို ခေါင်းတောင်မဖော်နိုင်ဘူးပေါ့ ဟုတ်စ"

"မဟုတ်ပါဘူးကွာ....မင်းကလည်း "

"အယ်ပြစမ်း ...ရည်းစားစာ ရေးနေတာလား.."

"မဟုတ်..."

အငြင်းစကားတောင်မဆုံးလိုက် လက်ထဲရှိ မှတ်စု စာအုပ်ကလေးကို မိမိ၏ သူငယ်ချင်းဖြစ်သူ ထန်းရီမှ လုယူသွား၍ မဖတ်မိခင် အရင်ပြန်ဆွဲယူလိုက်ရသည်။ထန်းရီအရပ်ဟာ ‌သူ့ထက် အနည်းငယ်အရပ်အမောင်း ရှည်သူမို့ မနည်းကြိုးစားဆွဲပြန်လုယူလိုက်ရသည်။

"မင်းမဟုတ်မှ.....တကယ်ရည်းစားစာ ရေးထားတာလား.."

မျက်နှာပေါ်က မျက်မှန်လေးကို တစ်ချက်ပြန်ပင့်လိုက်ရင်း ခေါင်းခါပြမိသည်။ထန်းရီ
ရဲ့အဖြေမပြောမချင်းဇာတ်တိုက် မေးနေမည့်အကျင့်ကို သိတာမို့ နောက်ထပ် စက်သေနတ်ပြစ်သလို ဒရပ်စပ်အမေးစကားမထွင်ခင်

"ငါဇာတ်ကောင်ဖန်တီးနေတာ..."

အံ့ဩသွားတဲ့မျက်၀န်းတစ်စုံထဲတွင် လှောင်ပြောင်မှုများ တစွန်းတစပေါ်လွင်နေ၏။ဒါကို ဝေ့မော်သတိပြုမိတာမို့ သက်ပြင်းကို တစ်ဆုံးထိချမိသည်။ထို့နောက် ထန်းရီး ရဲ့ နရင်းကို ခုန်အုပ်လိုက်ကာ

"အေး..မင်းထင်နေသလိုဘဲ ငါ့ချစ်သူ..ဇာတ်ကောင်တစ်ယောက်ကို ချစ်မိတာမျိုးပေါ့...မင်းရဲ့မျက်နှာကို ချက်ချင်းပြင် မဟုတ်ရင် ငါ့လက်သီးက အရပ်ရှည်တဲ့လူလည်း မထိုးနိုင်ဘူးဆို တာ မယုံဘူး
ဟျောင့် ...လာမနှောက်ယှပ်စမ်းနဲ့ လာရင်းကိစ္စသာပြော.."

ထန်းရီရဲ့ အော် တစ်လုံးနှင့် သူပြောသမျှ အရည်မရ အဖတ်မရစကားများကို တစ်ချက် ၊နှစ်ချက်လောက် ခွန့်တုန့်ပြန်ပြီး အမြန်နှင်ထုတ်လိုက်ရတော့သည်။

စာရွက်ဖွေးဖွေးလေးပေါ်မှ ကောင်လေးတစ်ယောက်ရဲ့ အပြုံးချိုချိုလေးတို့ဟာ နေရောင်ခြည်ရဲ့ရောင်စဉ်တန်းများလို့ လင်းလတ်ကာ နွေးထွေးစေ၏။ ဘေးဘက်တွင် ဇာတ်ကောင်အမည်နှင့် အကျင့်စရိုက် ၊ကိုယ်ရည်ကိုယ်သွေးများကို နေရာတကျ ရေးသီလို့ထား၏။

Role {System} (Complete ✓)Donde viven las historias. Descúbrelo ahora