အပိုင်း 3

436 42 7
                                    

 Unicode

အခန်းအတွင်း ဆေးလိပ်အနံ့များဟာ အောက်စီဂျင် ထက်ပင် ပို၍ များပြားလှ၏။
ဆေးလိပ်ငွေ့နံ့များကို ရှူရှိုက်ရတာဟာ ရှောင်ကျန့်စိတ်ကို ပျော်ရွှင်စေသည်။

"ငပျော့ကောင်..အခုချက်ချင်း တံခါးဖွင့်စမ်း...ကြားလား!!".

  တဘုန်းဘုန်း ဖြင့် အပြင်ဘက် မှ ထုလာသော တစ်စုံ တစ်ယောက်ကြောင့် ရှောင်ကျန့် မျက်ခုံးများကို တွန့်ချိုးထားလိုက်သည်။ ဇိမ်ခံနေတဲ့အချိန် လာနှောက်ယှပ်တဲ့လူဆို သိပ်မုန်းသည်။တစ်ဆတ်ထဲ တွေးမိသည့် အရာကို စဉ်းစားမိတော့ နှုတ်ခမ်းထက် ခပ်ယဲ့ယဲ့ အပြုံးတွဲခို သွားရ၏။

"ကျစ်...!!...ငါ့ကို အပြင်ဘက်မှာ စောင့်နေရအောင်လုပ်တယ်ပေါ့..ဘယ်က သတ္တိ‌‌တွေ ရှိသွားရတာလဲ...အဟွတ်!!....အဟွတ်..!...ခင်များ ဆေးလိပ်သောက်နေတယ်"

"ရို...ဘယ်သူများလဲလို့...‌"

"မင်း...!"

ဂျိမ်း!!....ဂျိမ်း!!...ဂျိမ်း!!

  အတွင်းတစ်နေရာမှ မိုးချုန်းသံဟာ ရိပေါ်စိတ်ကို ကြောက်လန့်စေသည်။ချက်ချင်းဆိုသလို ရိပေါ်ဒူးများဟာ ယိုင်နဲ့လာကာ ချက်ချင်း ထိုင်ချလိုက်ပြီး ဒူးနှစ်လုံးကြားထဲ ခေါင်းဖွက်ကာ လက်ကို ပိုက်ထားမိသည်။

"အခု ပြောစမ်းပါအုံး..ဘယ်သူငပျော့ကောင်လဲဆိုတာ..မင်းကိုယ်တိုင် အားနည်းချက်မရှိမှ..လာပြောလဲ့..အခုတော့နေနှင့်အုံး..Ok.."

  လက်ကြားထဲမှ ဆေးလိပ်ကို ဟန်ပါပါ ရှိုက်လိုက်ပြီး ရိပေါ်မျက်နှာ ရှေ့ကို ဆေးလိပ်ငွေ့များ ပို့လွှတ်လိုက်သည်။ကြောက်စိတ်များဟာ လျက်စီးသံများအလား ရိပေါ် ကိုယ်ထဲ စီး၀င်နေလေ၏။

"ဟက်!!"

  တစ်ချက် ခပ်ဟဟ ရီလိုက်ပြီး ရိပေါ်ရှေ့မှ အမြန်ထကာ ဆိုဖာပေါ်  ခပ်လျောလျော မှီထိုင်လိုက်သည်။မိမိရှေ့ရှိ အနှီးကောင်လေးကို ရှောင်ကျန့် ခပ်ဖျော့ ဖျော့ပြုံးကာ ဆေးလိပ်ကို သာ ဟန်ပါပါ ခဲလိုက်သည်။ တစ်နာရီ နှစ်နာရီအကြာမှ အသံသွင်းကာ ဖွင့်ထားသော ‌ဘလူးတူးလေးဟာ ပြုတ်ကျသွားကာ အခန်းအတွင်း ‌တိတ်ဆိတ်မှုဟာ စတင်၀င်ရောက်လို့လာခဲ့သည်။ထို အချိန်အတော အတွင်း ကုန်သွားသော ဆေးလိပ်များကို ရှောင်ကျန့် ရေတွက်မိသည်။

Role {System} (Complete ✓)Where stories live. Discover now