အပိုင်း 11

278 21 6
                                    

   Unicode

  "‌ကျန့်...ကိုယ်မင်းကို လက်ဆောင်ပေးစရာရှိတယ်"

"အင်း"

  ရှောင်ကျန့် ကုန်တိုက်အတွင်းမှ ပစ္စည်းတွေကို ကြည့်နေရင်း ၀မ်ရိပေါ် ကို လှည့်မကြည့်ဖြစ် ။သံတုတ်ကောင်းကောင်းကို ရွေးချယ်နေတာ နေ့တ၀က်ကြိုနေပြီ သို့သော်လည်း ရှောင်ကျန့်စိတ်မကုန်ပါ။ လက်ဆွဲတော် ‌ဘစ်ဘော့ရိုက်တံ အဖြူလေးဟာ အရင်ကမ္ဘာမှာ ကျန်ခဲ့တာဆို‌တော့ ထားပါလေ။

"ကျန့်..."

  ‌၀မ်ရိပေါ် အသံ ကြောင့် မျက်ခုံးနှစ်ဖတ် စုကြုံပြစ်လိုက်ပြီး နောက်ကို လှည့်ကြည့်မိသည်။အခုတလော ဒီကောင် ဘာသောက်ရူးထနေတယ်မသိ ။နေ့တိုင်း တကျန့်တဲ့ ကျန့်နေတာ ကြာလာတော့ ထိုကျန့်လို့ခေါ်တာကို နားယဉ်လို့နေလေပြီ ။ ဒါပေမဲ့ စိတ်ကတော့ ရှုပ်ရစမြဲပင်။

"၀မ်ရိပေါ်!...မင်းဘယ်အချိန်ကျမှသောက်ရူးထနေတာရပ်မှာလဲ"

"Ooh!! Aww!! ဒါကိုသောက်ရူးထတယ်ခေါ်တာလား ဟင်..ဟုတ်လားလို့"

  ယုန်နားရွက်ပါသော ဦထုပ်ကလေးကို ဆောင်းထားကာ ခေါင်းတွက် ‌ယုန်နားရွက်တစ်ဖတ်ကလေးကို မြှောက် မြှောက်ပြရင်း မျက်နှာကို ဘေးတစ်စောင်း လုပ်ကာမေးသည်။ သက်ပျင်းကိုသာ အကြိမ်ကြိမ်ချမိသည်မှာ အခါခါရှိနေလေပြီ။

"ကျစ်!!"

"ကျန့်....မင်းဒီဟာရှာနေတာမဟုတ်ဘူးလား"

Puppy Eyes လုပ်ပြနေသော အနှီး သောက်ရူးကောင်ကြောင့် ‌နားထင်ကိုသာ လက်ညှိုးနှင့် ထောက်ထားရတော့သည်။လက်ရော ခြေထောက်ကော အကုန်မြှောက် အရှုံးပေးထားလိုက်တော့တယ်။

"၀မ်ရိပေါ်......ထပ်မနှောက်ယှပ်လို့မရဘူးလား...မင်းအရင်ကလို ကောင်မလေးတွေနဲ့ တရုန်းရုန်းသွားလုပ်နေမယ်ဆိုရင်ကို ကျေးဇူးတင်နေမိမှာ"

"အော်သိပြီ..ကျန့်က အခုထိ အဲ့ကိစ္စတွေကို ခွင့်မလွှတ်နိုင်သေးဘူးပေါ့...ကျန့်အရင်က ကောင်မလေးတွေနဲ့ တွဲခဲ့တာကို ခွင့်မလွှတ်နိုင်လဲရတယ် သ၀န်တိုနေတယ်လို့ မှတ်ယူလိုက်မယ်လေ နောက်ပြီး မဟုတ်ဘူး..ဒီကနေ့ကနေစပြီး ကိုယ်က ကျန့်နောက် ကော်လိုလိုက်ကပ်နေမှာမို့ ကြိုတင် အစီရင်ခံထားအပ်ပါတယ် ခင်ဗျာလေး"

Role {System} (Complete ✓)Donde viven las historias. Descúbrelo ahora