အပိုင်း 14

163 16 0
                                    

 Unicode

  မိုးချိန်းသံများက တရပ်စက် တိုးဝေ့လို့လာရသည်။

ဂျိန်း!!!ဂျိန်း!!!ဂျိန်း!!

  ရှောင်ကျန့်ရဲ့ ရင်ခွင်ထဲ အနွေးဓာတ်ကလေးတိုး၀င်လို့လာခဲ့သည်။ရင်ခွင်ထဲ ပြစ်၀င်လာသော ၀မ်ရိပေါ်ကို ပခုံးနှစ်ဖတ်မှ စုပ်ကိုင်ရင်း ကိုယ်ကို ခွာစေသည်။သို့သော်မရ တသိမ့်သိမ့်တုန်နေသော ကိုယ်လုံးလေးကြောင့် ရှောင်ကျန့်၏ လက်အားမှ အနည်းငယ်ပြေလျော့သွားကာ ကျောပြင်ပေါ်သို့ ‌လက်တင်လျက်သားဖြစ်သွားရလေသည်။

"ကျန့်.....ကိုယ် ....ကြောက်လို့..ကျန့်နဲ့ လာအိပ်လို့ရလားဟင်.."

  မျက်ရည်ကြည်လေးများ ဝိုင်းလာကာအသနားခံလာသူကြောင့် အသည်းမာသော ရှောင်ကျန့်က မျက်မှောင်ကုတ်ရင်း

"မ....ရ...ဘူး.."

ဂျိန်း!! ဂျိန်း!! ဂျိန်း!!

"အားးး!!!...ကျန့်.."

  ဒူးကို ပိုက်ရင်း နားနှစ်ဖတ်ကို အုပ်ကိုင်လျက် ထိုင်ချလိုက်ကာ ကြောက်လွန်းသဖြင့် အာမေဋိတ် အသံပြုလုပ်ရင်း ကြောက်လွန်းသဖြင့် ကျောပြင်လေးဟာ တဆတ်ဆတ် တုန်ရင်လို့နေသည်။ထပ်ပြီး ရပ်မကြည်နိုင်တော့သော ရှောင်ကျန့်မှာ ကိုယ်ကို ငုံ့ကိုင်းလျက် ဒူးပိုက်လျက်သားဖြစ်နေသူကို ထိုအတိုင်းပွေ့ချီလိုက်ပြီး

"မကြောက်နဲ့တော့....မိုးချုန်းသံလေးဘဲ..မင်းအသက်ကို မနှုတ်ယူနိုင်ပါဘူး..၀မ်....ရိပေါ်"

  ရှောင်ကျန့်ပြောလိုက်သော စကားများကြောင့် ရိပေါ်ရင်ထဲ အရင်အတိတ်တချိန်က အချိန်ကို ပြန်လည်း မြင်ယောင်လို့လာသည်။ထိုမိုးချုန်းသံကြောင့်ဘဲ ကျန့်ကို သူ့ရင်ခွင်ထဲကနေ ခေါ်ဆောင်သွားတာ။၀မ်ရိပေါ်သာ မိုးချုန်းသံကို မကြောက်ခဲ့ဘူးဆိုရင် အရင်တချိန်က ကျန့်ကို သူလက်လွှတ်နိုင်လိုက်မည်မဟုတ်ပေ။

"ကျန့်....ကိုယ်တောင်းပန်ပါတယ်...‌တကယ်ကို...တောင်းပန်ပါတယ်ကျန့်....တောင်းပန်..."

  ရိပေါ် စကားတောင် မဆုံးလိုက် နှုတ်ခမ်းဖြင့် အသံထွတ်ခြင်းအပိတ်ခံလိုက်ရသဖြင့် ရိပေါ်ရင်ထဲ ကြောက်စိတ်များ ပျက်ပြယ်သွားရတော့သည်။ စက္ကန့် 30  ထိုအချိန်လေးဟာ ရိပေါ်အတွက်တော့ အချိုမြိန်ဆုံးအချိန်အခါဟု ပြောလျှင် ရိပေါ်အလွန်မဟုတ်ပါ။

Role {System} (Complete ✓)Where stories live. Discover now