{Unicode}
Novel - Bai Re Meng Wo
Author - 栖见
Chapter - 95 chapters & 4 extrsIt is just a fan translation.
Translators - Li Zhen & Xiao Chong
ဇာတ်လမ်းမိတ်ဆက် >>
ပညာသင်ဆုရရှိရေးအတွက် ပြိုင်ဆိုင်ကြသည်မှာ တောမီးလောင်သဖွယ် အကျိတ်အနယ်။ ကျောင်းအုပ်ကြီးရုံးခန်းရှေ့တွင် 'လင်းယွီကျင်း' နှင့် 'ရှန်ကျွမ့်'တို့ ထိပ်တိုက်မျက်နှာချင်းဆိုင် တွေ့လိုက်ကြရသည်။
လင်းယွီကျင်း၏မျက်နှာလေးမှာ သနားချင့်စဖွယ်ကောင်းရလောက်သည်အထိ မျက်ရည်များဝိုင်းရစ်နေပြီး ;
"အတန်းဖော်ရှန် ၊ နင့်ကို အမှန်တိုင်းပဲပြောပြပါတော့မယ် ၊ တကယ်တော့လေ ငါက ရွာကတက်လာခဲ့တာပါ ၊ မိသားစုကလည်း အရမ်းဆင်းရဲပါတယ် ၊ အရင်တုန်းက နာမည်ဆိုရင် 'လင်းချွေ့ဟွား'လို့ ခေါ်ခဲ့တာ ၊ ငါတို့ 'လျန်ဟွား'ကျေးရွာလေးကနေပြီး မြို့ကြီးပြကြီးရောက်တဲ့အထိ ပညာသင်နိုင်တာဆိုလို့ ငါ တစ်ယောက်တည်းရှိတာ ၊ အကယ်၍ ဒီတစ်ကြိမ်ပညာသင်ဆုကိုသာမရခဲ့ရင် ငါ့မှာ ပညာသင်စရိတ်အတွက် ပေးစရာပိုက်ဆံရှိတော့မှာမဟုတ်ဘူး ၊ ပညာသင်စရိတ်မရှိတော့ရင် ငါ ရွာပြန်ပြီးပဲ ဝက်စာကျွေးရတော့မှာ....."
ရှန်ကျွမ့်က ပျင်းတိပျင်းရွဲပုံစံနှင့် သာမန်ကာလျှံကာပင် လှမ်းကြည့်၍ ;
"တိုက်ဆိုင်လိုက်တာ ၊ ငါလည်း ဘေးကပ်ရပ် 'ဟယ်ယဲ့'ရွာကပဲ ၊ အရင်နာမည်ကလည်း 'ရှန်ထျယ်ကျု' ၊ ငါဆို ဝက်စာကျွေးရတဲ့အပြင် လယ်ပါစိုက်ရတာ"
လင်းယွီကျင်း ; "....."
နှစ်ယောက်သားမှာ တစ်ယောက်ကိုတစ်ယောက် သုံးစက္ကန့်တိတိစိုက်ကြည့်ကြပြီးနောက်တွင် တပြိုင်တည်းပင် တစ်ဖက်သို့လှည့်ထွက်လာလိုက်ကြတော့၏။
ရှန်ကျွမ့် ကိုယ်ပိုင်ရဟတ်ယာဥ်ပေါ်တက်သွားခဲ့ပြီး လင်းယွီကျင်းသည်လည်း ပြောင်လက်နေသည့် Rolls-Royce ကားပေါ်သို့ တက်သွားခဲ့တော့သည်။
-- ပိုက်ဆံရှိချမ်းသာသည့်လူနှစ်ယောက်က တစ်ဖက်လူရှေ့သို့ရောက်တိုင်း အချင်းချင်းကူညီကြ၍ အလွန်တရာကိုမှ ဆင်းရဲချင်ယောင်ဆောင်ကြသည့်ပုံပြင်လေးတစ်ပုဒ် --
ΔΙΑΒΑΖΕΙΣ
DDBM - Bai Re Meng Wo [ ဘာသာပြန် ]
ΡομαντικήNovel - Bai Re Meng Wo Author - 栖见 Chapter - 95 chapters & 4 extrs It is just a fan translation. Translators - Li Zhen & Xiao Chong ဇာတ်လမ်းမိတ်ဆက် >> ပညာသင်ဆုရရှိရေးအတွက် ပြိုင်ဆိုင်ကြသည်မှာ တောမီးလောင်သဖွယ် အကျိတ်အနယ်။ ကျောင်းအုပ်ကြီးရုံးခန်း...