Chapter 14

190 12 0
                                    

{Unicode}

Translators - Li Zhen & Xiao Chong

လင်းယွီကျင်း အိမ်ပြင်ထွက်လာသည့်အချိန်မှာ ည​နေ​ခင်းနေဝင်ရီတ​ရော ၊ သရဲတ​စ္ဆေဘဘက်များနှင့် ​တွေ့ဆုံတတ်သည့်အချိန်ပင်ဖြစ်သည်။

​ဂျပန်နိုင်ငံ​၏​ရှေး​ခေတ်ကြားဖူးနားဝဒဏ္ဍာရီပုံပြင်များအရ လူသားတို့သည် ယင်၊ယန် နှင့် ဓါတ်ကြီးငါးပါးကို အယုံအကြည်ရှိကြပြီး ​နေ့အချိန်အခါနှင့်ညအ​မှောင်တို့ကူး​ပြောင်းသည့်တစ်ခဏတွင် မိစ္ဆာဥာဥ်များ​ပေါ်လာတတ်သည်ဟုဆို၏။ လူသားများအ​နေဖြင့် လမ်း​ပေါ်လမ်း​လျှောက်​နေကြသူတိုင်းအား မိစ္ဆာ​သော်လည်း​​ကောင်း လူသား​သော်လည်း​ကောင်း မခွဲခြားတတ် ၊ ထို့​ကြောင့် ​နေဝင်ရီတ​ရောအချိန်အား မိစ္ဆာများနှင့်​တွေ့ဆုံချိန်ဟု ​ပြောစမှတ်ပြုကြသည်။

ဤဒဏ္ဍာရီအ​ကြောင်းအား 'ချိန်ယိ'မှ​ပြောပြဖူးခြင်းဖြစ်ပြီး ထိုအချိန်တုန်းက သုံး​ယောက်သား ည​နေခင်းကိုယ်ပိုင်စာကြည့်ချိန်အတန်းကိုလစ်၍ ​ခေါင်းမိုးထပ်၌ ​လေညှင်းခံ​နေကြခြင်းဖြစ်၏။ ည​နေခင်း​နေဝင်ခါနီးအချိန်ဖြစ်၍ တိမ်နီနီများက ​​ကောင်းကင်တစ်ခွင်အပြည့်​နေရာယူရင်း မီး​တောက်သဖွယ်လွှမ်းထား​တော့၏။

ထိုအချိန်တုန်းက ချိန်ယိမှ အသံတိုးတိုးနှင့်စကားဆိုလာ၏။

"မင်း လမ်း​ပေါ်မှာ လမ်း​လျှောက်​နေတယ်ထား.....မင်း​​ဘေးနားဖြတ်သွားတဲ့လူက လူသားစစ်စစ်လား လူ​ယောင်​ဆောင်ထားတဲ့မ​ကောင်းဆိုးဝါးလားဆိုတာ မင်း ခွဲခြားလို့​မရဘူး ၊ အဲ့ဒါ​ကြောင့်မလို့ ဒီအချိန်အတွင်းမှာ အကယ်၍များ တစ်​ယောက်​ယောက်က မင်းနာမည်ကို လှမ်း​ခေါ်လာမယ်ဆိုရင် လုံးဝလုံးဝတုံ့ပြန်လိုက်လို့မဖြစ်ဘူး ၊ တစ်ချက်ပြန်ထူးလိုက်တာနဲ့ ဝိဥာဥ်အနုတ်ခံရပြီပဲ ၊ တကယ်လို့ တစ်​ယောက်​ယောက်က မင်း အနားကို​ရောက်လာတယ်ဆိုရင်လည်း မင်းက သူ့ကို ​ဒီလိုမေးရမှာကွာ"

သူက လည်​ချောင်းတစ်ချက်ရှင်းပြီး အသံနက်နက်ဖြင့် ;

"​ရောက်လာတဲ့အသင်က ဘယ်သူလဲ!"

နံ​​ဘေးတွင်ထိုင်​နေသည့် လုကျားဟန် ;

"ချိန်ယိ"

You've reached the end of published parts.

⏰ Last updated: Mar 14 ⏰

Add this story to your Library to get notified about new parts!

DDBM - Bai Re Meng Wo [ ဘာသာပြန် ]Where stories live. Discover now