Chapter 4

233 34 0
                                    

{Unicode}

Translators - Li Zhen & Xiao Chong

အစပထမပိုင်းတွင် ကောင်မလေးများကို သွားငမ်းချင်သည်ဟု ကျန်းဟန် ဂဂျီဂဂျောင်ကျချိန်၌ ရှန်ကျွမ့်က လက်လွတ်စပယ် သဘောတူကာ အဖော်လိုက်လာခြင်းဖြစ်သည်။

အနှီကောင်မလေးမှာ သိသိသာသာကိုပင် လျှောက်ပတ်ကြည့်ရှုနေခြင်းမျှသာဖြစ်သော်လည်း ဒီငတုံးက ဘာအတွက်ကြောင့် စိတ်လှုပ်ရှားနေရမှန်း နားမလည်နိုင်ပေ။ ထိုနတ်သမီး မည်သည့်အချိန်တွင် ပြန်လာကာ မည်ကဲ့သို့သော တက်တူးမျိုး ရေးထိုးမည်ကိုပင် သူနှင့် အလောင်းအစားလာပြုသွားချေသေးသည်။

အဆုံးတွင်မူ ထိုည၌ သူတို့ ရည်ရွယ်ရာပန်းတိုင်သို့ မရောက်မှီမှာပင် သူမနှင့် နောက်ထပ်တဖန် ထပ်မံတွေ့ဆုံရလိမ့်မည်ဟု သူ မထင်ထားခဲ့။

ထိုမျှသာမက ဤမိန်းကလေးက အတင့်ရဲလွန်းလှသည်ဟု ဆိုရမည်လော၊ သို့မဟုတ် 'ဘာပဲဖြစ်လာဖြစ်လာ ဖြစ်လာပါစေ' ဟူသည့် စိတ်ထားဖြင့် သက်ဆုံးတိုင် နေသွားမည်ဟု စီစဉ်ထားခြင်းကြောင့်လားမသိ၊ တစ်စုံတစ်ခုဖြစ်တော့မည်မှန်း သိသိရက်နှင့်ပင် 'ပြဿနာအိုးများ' ဟူ၍ ထင်သာမြင်သာ ရှိလှသည့် ယောကျ်ားလေးအုပ်စုလိုက် လျှောက်လာသည်ကို မြင်သည့်တိုင် နေရာတွင်သာ ဆောင့်ကြောင်ထိုင်နေရင်း စားလက်စကို ဆက်စားနေသည်မှာ သူမကိုယ်သူမ ကိုယ်ပျောက်နေသည့်အလား။ သူမပုံစံက ပွဲကြည့်ရန် ရောက်လာသည့် ပရိသတ်နှင့်ပင် တူနေပေသေးသည်။

ချန်ကျီဟောက် သူမထံ လှမ်းကြည့်လာချိန်တွင်ပင် သူမက အထူးတလည် စိတ်ဝင်စားဟန်ဖြင့် ထိုသူနှင့် မျက်လုံးချင်းဆုံကာ စိုက်ကြည့်လိုက်သေးသည်။

သောက်ကျိုးနည်း။

ချန်ကျီဟောက်ဆိုသူမှာ မည်ကဲ့သို့သော အမှိုက်ကောင်မျိုးဖြစ်မှန်း ရှန်ကျွမ့်သိသည်။ သူက သက်မွေးမှုပညာသင်ကျောင်းတွင် ကျောင်းတက်နေသော်လည်း အတန်းတက်သူကား မဟုတ်။ ခပ်သေးသေးမိုတယ်တွင် သူဌားရမ်းထားသည့် တစ်ယောက်ခန်းမှ ထွက်လာသည့် မိန်းမပျိုလေးများမှာ အခေါက်တိုင်း မတူညီပဲ ကွဲပြားသည်။ ဦးတည်ရာမရှိပဲ ဘဝကို ဖြတ်သန်းနေသူဖြစ်ကာ သူ၏ လက်ကျန် ငယ်ရွယ်နုပျိုမှုကို ဖြုန်းတီးနေသူလည်းဖြစ်သည်။

DDBM - Bai Re Meng Wo [ ဘာသာပြန် ]Where stories live. Discover now