Chapter 7

194 25 1
                                    

{Unicode}

Translators - Li Zhen & Xiao Chong

'​​​​ရေ​မြေအလိုက် ကြီးပြင်းလာသည့်လူခြင်းမတူ' ၊ လင်းယွီကျင်းမှာ သည်အချိန်သည်အခိုက်အတန့်တွင် ဤ​နေရာကြီးမှလူ​တွေအားလုံး ထူးဆန်းလွန်းသည်ဟုသာ ​တွေးလိုက်မိ​တော့၏။ အဘယ်ကဲ့သို့​သော​ရေ​မြေမျိုးက ဤကဲ့သို့လူထူးဆန်းတစ်​ယောက်ကို ​မွေးထုတ်ထားရသနည်း။

လင်းယွီကျင်း၏နဂိုမူလအ​တွေး​လေးထဲတွင် ​ကျောင်းစတက်သည့်​​နေ့၌ မိမိကိုယ်ကိုမိတ်ဆက်ရသည့်အချိန်ဟာ ကသိက​အောက်နိုင်စရာကိစ္စတစ်ရပ်ဟု ​ယူဆထားခဲ့ဖူးပါ​သေးသည်။ သို့​သော် ယ​နေ့တွင်​တော့ လျိုဖူကျန်းက သူမအား လက်​တွေ့လုပ်ပြခိုင်းလာ​ချေ​တော့၏။ မဟုတ်​သေး....ငါ မင်းကို ဒီထက်ကသိက​အောက်နိုင်​​အောင်လုပ်ပစ်မယ်ဆိုတာမျိုး....

မင်းရဲ့ထိုင်ခုံ​ဖော်အ​ပေါ်မြင်တဲ့ ပထမဆုံးထင်မြင်ချက်ကိုမိတ်ဆက်​ပြရမယ်ကွ....​ဟေး​ဟေး ငါ ဥာဏ်​ကောင်းတယ်ဟုတ်....

လင်းယွီကျင်းမှာ သူမ တ​မေ့တ​လျော့အ​တော်ကြာကြာကိုဖိနှိပ်ထားခဲ့ဖူးသည့် ပုန်ကန်တတ်​သောလူဆိုးဥာဥ်​လေးများပင် ပြန်ထိုးကြွလာလုနီးနီး။

အကယ်၍ အတိတ်ကာလ သူမ အသက်ငယ်ရွယ်တုန်းကသာဆိုလျှင် သည်အချိန်အခါမျိုး၌ မလုပ်နိုင်သည့်အ​ကြောင်း ​ပြော​ကောင်း​ပြောလိုက်ပြီးပြီပင်။

သို့​သော် ယခုလက်ရှိအချိန်ဟာ အတိတ်မှမဟုတ်​တော့​ပေသည်ကိုး။

မည်သူကမှ အတိတ်ကာလထဲ၌ အမြဲတဝဲဝဲလည်၍​တွေးမ​နေနိုင်သလို အတိတ်မှာချည်းရှင်သန်မ​နေနိုင်ပါ​​ပေ။

လင်းယွီကျင်း အသက်ပြင်းပြင်းရှိုက်၍ ရှန်ကျွမ့်နှင့်ပတ်သတ်သည့်အ​တွေးတို့ကို ပြန်လည်တူးဆွကြည့်လိုက်သည်။

သူ့ကို ဘယ်အချိန်မှာတုန်းက ပထမဆုံး​တွေ့ဖူးခဲ့တာလဲ....

လွန်ခဲ့တဲ့သုံးရက်တုန်းက....

ဆယ်​ကျော်သက်လူငယ်​လေးက ခြုံ​စောင်တစ်ထည်ကို ​ခေါင်းမြီးခြုံပြီး​တော့ ဆိုဖာ​ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်​နေခဲ့တာ....

DDBM - Bai Re Meng Wo [ ဘာသာပြန် ]Where stories live. Discover now