Chapter 3

278 38 0
                                    

{Unicode}

Translators - Li Zhen & Xiao Chong

လင်းယွီကျင်း တက်တူးဆိုင်ထဲမှထွက်လာပြီး​နောက်တွင်လည်း နှစ်ပတ်မျှလည်ပတ်ကြည့်ပြီး​တော့မှသာ နဂို​နေရာဆီသို့ ပြန်ထွက်လာခဲ့လိုက်သည်။ မိုးချုပ်စပြုလာသည့်အချိန်တွင်​တော့ 'ကွမ်းရှန့်မိန်'တို့မိသားစု၏ဒါရိုက်ဘာထံမှ ဖုန်း​ခေါ်ဆိုမှုပြုလာ၏။

ဒါရိုက်ဘာ၏မျိုးရိုးအမည်မှာ 'လီ' ဖြစ်ပြီး သူမ ​လေယာဥ်ဆိုက်သည့်​နေ့၌ လာကြို​ပေးသည့်တစ်ကြိမ်တည်းတွင်သာ မြင်ဖူး​တွေ့ဖူးထားခြင်းဖြစ်သည့်အပြင် အိမ်လိုက်ပို့​ပေးသည့်လမ်းတစ်​​လျှောက်လုံးတွင်လည်း စကားများများမဆိုခဲ့​သော်ငြား ဆက်ဆံရလွယ်ကူမည့်သူမှန်း​တော့ သိသာ​ချေ၏။

ဖုန်းဆက်လာသည့်အချိန်တွင် သူမဟာ ​ဆေးဆိုင်ထဲမှထွက်လာခြင်းဖြစ်ပြီး လက်ထဲတွင်လည်း အ​အေးမိ​သက်သာသည့်​ဆေး ၊ အပူကျ​ဆေး ၊ နှာ​စေး​ပျောက်​ဆေးစသည့် အ​ရောင်စုံဘူး​လေးများပါ​သော ပလပ်စတစ်အိတ်တစ်လုံးကို ကိုင်ထား​သေး၏။

ကိုကိုဖြစ်တဲ့လူကို အမြင်ကတ်တာကကတ်​ပေမယ့် ​နေ့တိုင်း ရန်ဖြစ်စကားများ​နေလို့​တော့ မဖြစ်ဘူး​လေ....

လင်းယွီကျင်းသည် ပလပ်စတစ်အိတ်အား လက်​ချောင်း​လေးဖြင့်ချိတ်၍ ​ဝေ့ရမ်းကစားရင်း လက်တစ်ဖက်မှလည်း ဖုန်းလက်ခံ​ဖြေဆိုပြီး အသံတစ်ချက်မှမပြုဘဲ နားရွက်နားသို့ကပ်ထားလိုက်သည်။

သူမဟာ အရင်ကတည်းက သူငယ်ချင်းများများစားစားရှိသည့်သူမျိုးမဟုတ်။ 'လုကျားဟန်' နှင့် 'ဟယ်ချိန်ရိ' နှစ်​ယောက်မှာလည်း ရင်းနှီးသည့်အချိန်ကတည်းက သူတို့ဘက်မှစတင်၍ ​ထွေရာ​လေးပါးစကား​ပြောတတ်သည့်သူများ​ဖြစ်ရာ ထို့​ကြောင့်နှင့် သူမဟာ အခြားတစ်ဖက်မှ အရင်ဦးစွာပါးစပ်ဟ၍စကားစ​​ပြောလာမည်အား ​​စောင့်​နေတတ်​လေ့ရှိပြီဖြစ်၏။

နှစ်စက္ကန့်တိတိ တိတ်ဆိတ်​နေပြီးသည့်တိုင် အခြားတစ်ဖက်မှ မည်သည့်အသံမှမပြု။ ထိုအခါတွင်​တော့ လင်းယွီကျင်းက အထိုက်အ​လျောက်ဖြင့် 'ဟယ်လို'ဟု အသံတစ်ချက်ပြုလိုက်သည်။

DDBM - Bai Re Meng Wo [ ဘာသာပြန် ]Where stories live. Discover now