Chapter 1

743 59 0
                                    

{Unicode}

Translators - Li Zhen & Xiao Chong

သြဂုတ်လ​နှောင်းပိုင်းသို့​ရောက်လာသည်နှင့်အမျှ ​​​​နေ​ရောင်ခြည်မှာသိသိသာသာပူပြင်းလာပြီး တရိပ်ရိပ်ထိုးတက်လာသည့်အပူချိန်တို့​ကြောင့် ပူအိုက်​​ပိတ်​လှောင်စေးကပ်လျက်ရှိသည်။

​ကျောင်း​တော်များမဖွင့်လှစ်မီ​ရက်ပိုင်းအလိုတွင်မှ သည်းသည်းမည်းမည်းရွာချသည့်မိုး​ကြောင့် အပူချိန်မှာ တဖန်ပြန်လည်၍ အနည်းငယ်မျှ​လျော့ကျသွားရခြင်းလည်းဖြစ်သည်။

​နေ့လည်ခင်းနှစ်နာရီခွဲအချိန်။

လင်းယွီကျင်းသည် ​စျေးဝယ်စင်တာတစ်ခု​ရှေ့တွင်ရပ်လျက်ဖြင့် အပြင်ဘက်ဆီမှ မိုး​​ရေ​ပေါက်များက ကြမ်းခင်း​ကျောက်ပြားပြင်​ပေါ်သို့ရွာချရာမှတဆင့် ​ရေများစင်ထွက်ပြီး အနီးအနားတွင်ရပ်​နေ​သော လမ်းသွားလမ်းလာအ​ပေါင်း၏ဖိနပ်များ​အပေါ် ​​ပေကျံ​ရေစို​​စေသည့်မြင်ကွင်းအား လှမ်းကြည့်​နေသည်။

ဆယ်မိနစ်နီးပါး ​စောင့်​နေပြီးသည့်တိုင် မိုးရွာသည့်အရှိန်မှာ မ​လျော့​သေး။

လင်းယွီကျင်းသည် ​စျေးဝယ်အိတ်ထဲမှ လက်ကိုင်ဖုန်းကိုထုတ်ယူပြီး မည်သည့်မက်​ဆေ့ ၊ မည်သည့်ဖုန်း​ခေါ်ဆိုမှုမှမရှိထား​ကြောင်း စစ်​ဆေးပြီးသည်နှင့် ​ထောင့်တစ်​နေရာရှိ မှန်တံခါးကြီးထံသို့​လျှောက်လာလိုက်သည်။ ​စျေးဝယ်အိတ်အား လက်​မောင်းရင်းတွင်လွယ် ၊ လက်နှစ်ဖက်လုံး၏ လက်မနှင့်လက်ညှိုးတို့အား ကင်မရာ​ဘောင်သဖွယ်ပြုလုပ်ပြီး မျက်နှာ​ရှေ့တည့်တည့်ချိန်ဆ၍ မျက်လုံးတစ်ဖက်မှိတ်လိုက်သည်။

လမ်း၏တစ်ဖက်ခြမ်းတွင် အထပ်မြင့်အ​ဆောက်အဦးကြီးများအပြင် ​စျေးဝယ်စင်တာကြီးများ ၊ စတိုးဆိုင်များက ဒီဇိုင်းအ​နေအထားအမျိုးမျိုးဖြင့် ဖွင့်လှစ်ထားကြ၏။ လမ်းတစ်ဖက်မှ 'Starbucks' ဆိုင်းဘုတ်ကြီး မိုး​ရေများ​အောက်ရွှဲရွှဲစို​နေသည့်ဟန်မှာလည်း အစိမ်း​ရောင်​ရေသူမ​လေး ပင်လယ်ပြင်ကြီး​အောက်သို့ နစ်မြှုပ်သွားခဲ့သည့်ဟန်မျိုးဖြင့် မြင်​နေရသည့်ရှုခင်းပန်းချီကားတစ်ချပ်လုံးမှာ စိုထိုင်းထိုင်းအ​ငွေ့အသက်တို့အပြည့် ကိန်း​အောင်း​နေ​လေသည်။

DDBM - Bai Re Meng Wo [ ဘာသာပြန် ]Where stories live. Discover now