Chapter 10

238 31 3
                                    

{Unicode}

Translators - Li Zhen & Xiao Chong

လင်းယွီကျင်းမှာ ရှန်ကျွမ့်ခေါင်းကို နံရံပေါ် ဖိကပ်ကာ သူတို့နှစ်ဦးကြား ဘယ်သူက အဖေဖြစ်ကြောင်း ပြသလိုစိတ်ပင် ပေါက်လာသည်။

သို့ရာတွင် ဂရုတစိုက် တွေးတောကြည့်ပြီးသည့်နောက် သူပြောသည်မှာလည်း မမှားပင်။ သူက အခြားအကြောင်းရင်းတစ်ခုထံ ဦးတည်ချက်ပြောင်းသွားရုံသာ။ ထိုမျှသာမက သူမအား စိတ်အနှောင့်အယှက်ဖြစ်စေသည်မှု အက်ရှကာ နွမ်းလျနေသည့် သူ့စကားသံ။

သူက ကျိန်းသေပေါက် ထိုကဲ့သို့ ဆိုလိုခြင်း မဟုတ်တန်ရာ။

သောက်ကျိုးနည်း ဘာကို မဆိုလိုရမှာလဲ...

လင်းယွီကျင်း သူ့ကို ကြည့်ကာ တိတ်ဆိတ်သွားပြီးနောက် ဆိုလိုက်သည်။

"အတန်းဖော်ရှန်၊ ငါတို့ နောက်ထပ်နှစ်နှစ် တွေ့နေရဦးမှာနော်"

အတန်းဖော်ရှန်က မျက်ခုံးတချက်ပင့်လာကာ

"မင်းက ဒီလူဆိုးအစ်ကိုကြီးကို လာခြိမ်းခြောက်နေတာလား?"

"......"

နင် ပြောလို့ ပြီးပြီလား?

လင်းယွီကျင်းက သက်ပြင်းရှည်တချက် ချလိုက်၏။ ထားလိုက်တော့၊ ခွင့်လွှတ်သည်းခံလိုက်ရင် အရာအားလုံး အဆင်ပြေသွားလိမ့်မယ်။

ထို့ပြင် သူ့ထံမှ တောင်းဆိုစရာရှိသည့်လူမှာ သူမ ဖြစ်နေသေးသည်။

"ငါတောင်းပန်ပါတယ်"

အင်္ဂလိပ်စာဆရာက စင်မြင်ပေါ်တွင် စာပိုဒ်တစ်ပိုဒ်ရွတ်ဆိုလျက်ရှိပြီး စာတစ်ကြောင်းဆီရဲ့ အဓိပ္ပါယ်ကို ရှင်းပြနေသည်။ လင်းယွီကျင်း သူမအသံကို တိုးချလိုက်ကာ သူ့စားပွဲဘေးတွင် မေးတင်ကာ တီးတိုးဆိုသည်။

"ငါ နင့်ကို လူဆိုးအစ်ကိုကြီးလို့ မခေါ်သင့်ဘူး၊ ငါ့ပါးစပ်က လွှတ်ခနဲ ထွက်သွားတာ၊ တမင်ခေါ်တာ မဟုတ်ပါဘူး၊ ငါ နင့်ကို စိတ်ရင်းနဲ့ တောင်းပန်ချင်ပါတယ်၊ ငါ့ရဲ့ ထိုင်ခုံဖော် လူကောင်းလေးက သဘောထားကြီးကြီးထားပြီး ဒီတကြိမ် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

DDBM - Bai Re Meng Wo [ ဘာသာပြန် ]Where stories live. Discover now