Chapter 8

175 28 1
                                    

{Unicode}

Translators - Li Zhen & Xiao Chong

မည်သည့်စကားက ရှန်ကျွမ့်ကို ရန်စလိုက်မှန်း ဟယ်စုန့်နမ် မသိပဲ နာသွားသည့် သူ့တင်ပါးကို ပွတ်သပ်ကာ စာသင်ခန်းဆီ ပြန်သွားသည်။

အမှတ် (၈) အထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများအား ကျောင်းဝန်းအတွင်း နေထိုင်ခွင့်ပြုထားသော်လည်း မဖြစ်မနေ လိုအပ်ချက်အနေဖြင့် သတ်မှတ်ထားခြင်းကား မဟုတ်။

လင်းယွီကျင်း ယခင်က တက်ရောက်ခဲ့သည့် ကျောင်းခွဲမှာ အဆောင်ခန်းများ စီမံပေးထားခြင်းမရှိသည့်အတွက် ထိုကဲ့သို့သော စနစ်မျိုး ရှိမှန်း သူမ သိရှိခဲ့ခြင်းမရှိပေ။ ကျောင်းအဆောင်ခန်းများ၏ တည်နေရာကို လီလင် လိုက်လံပြသသည်ကို ကြားလျှင် ကြားချင်းပင် သူမ ကျောင်းဝန်းထဲ၌ နေထိုင်ရန် တွေဝေခြင်းမရှိပဲ ဆုံးဖြတ်လိုက်သည်။

သို့ရာတွင် သူမ ကျောင်းပြောင်းလာချိန်မှာ နောက်ကျနေပြီးဖြစ်သလို ကျောင်းသားများက အစောကတည်းကပင် လျှောက်လွှာများ တင်ထားပြီးဖြစ်တာမို့ သူမကဲ့သို့ မိုးပေါ်မှ ကျလာသကဲ့သို့ ရုတ်တရက် ပေါ်ပေါက်လာသူများအတွက် နေရာမရှိတော့ချေ။

ထိုမျှသာမက သူမအုပ်ထိန်းသူ၏ လက်ရေးထောက်ခံချက်ပါ ရယူရန် လိုသည်။

လင်းယွီကျင်းမှာ သူမထံတွင် အုပ်ထိန်းသူ ရှိသည်ဟု သတ်မှတ်၍ ရနိုင် မရနိုင် သူမကိုယ်တိုင်ပင် သေချာမသိပေ။ သို့သော် တပတ်မှ တစ်ခါ အိမ်ပြန်ရမည့် အခွင့်အရေး၏ ဆွဲဆောင်မှုမှာ အလွန်အမင်းကြီးမားလှသည်။ ဤသို့ဖြင့် ထိုညတွင် မုန့်ဝေကော်ထံ လင်းယွီကျင်း ဖုန်းဆက်လိုက်သည်။

မုန့်ဝေကော်က သူမ၏ ကျောင်းအသစ်ပတ်ဝန်းကျင်အနေအထားကြောင်း မေးမြန်းလာသည့်အပြင် သူမ၏ အတန်းဖော်များနှင့် အဆင်ပြေခြင်း ရှိမရှိ၊ ထိုမျှသာမက ဆရာများ တော်မတော် စသည့် မေးခွန်းများကို မေးမြန်းကာ သူမအပေါ် ယခင်က ထားရှိခဲ့ဖူးခြင်း မရှိသည့် စိတ်ရှည်မှုမျိုးကို ထုတ်ဖော်ပြသလာသည်။

ကျောင်းအဆောင်တွင် နေထိုင်လိုသည့် ကိစ္စရပ်ကို သူ့အား ပြောပြရန် လင်းယွီကျင်း စီစဉ်ထားသော်လည်း နှစ်ကြိမ်မျှ တွေးတောပြီးနောက် မုန့်ဝေကော်၏ ရိုးရှင်းသည့် မေးခွန်းများမှာ ဖြေရန်ခက်လှသည်ဟု ခံစားရသည်။

DDBM - Bai Re Meng Wo [ ဘာသာပြန် ]Where stories live. Discover now