Chapter 9

217 32 2
                                    

{Unicode}

Translators - Li Zhen & Xiao Chong

လင်းယွီကျင်းမှာ စကားတစ်ခွန်း​အား ​ပြောင်ကျကျနှင့်ပြောထွက်သွားပြီးကာမှ အသိစိတ်ကပ်၍တုံ့ပြန်လာနိုင်၏။ ​ပြောလက်စ,စကားများကို ရပ်ပစ်ချင်လိုက်ပါ​သော်ငြား အချိန်မမီ​တော့။ အဆင်​ပြေ​လောက်မည့်စကားတစ်ခွန်းခွန်း ဖြည့်စွက်​ပြောရန်စဥ်းစားလိုက်ပါ​သော်လည်း ​ကြောင်အမ်း​နေသည့်စက္ကန့်ပိုင်းအတွင်း၌တင် စကားကုန်​ပြောထွက်သွားနှင့်နေ​​ချေသည်။

အ​ခြေအ​နေမှာ 'ဒီတင်ပါး' ဆိုသည့်တစ်ကြိမ်ကနှင့်ပင် တူမ​နေ​ပေဘူးလား။

ဤတစ်ကြိမ်မှာကား ပို၍ပင်ဆိုးနေ​သေး ၊ ဖြည့်စွက်​ပြောစရာစကားလည်း အမှန်တကယ်မရှိ​တော့ဘဲ ဆိုးဆိုးရွားရွားအ​နေအထားသို့ပင်​ရောက်​နေ၏။

လင်းယွီကျင်းသည် ရှန်ကျွမ့်တစ်​ယောက် နှုတ်ခမ်းဟလိုက်သည်ကိုသာ ကြည့်​နေမိ၏။

သာ့​လောင်ကိုကြည့်ရသည်မှာ ယခုလိုမျိုးတစ်ခါမှအ​ပြောမခံဖူး​ခြင်း​ကြောင့်ဖြစ်မည်ထင် ၊ ​ကြောင်အမ်းအမ်းဖြစ်​နေရှာ​သည်။

​သည်သုံးစက္ကန့်အတွင်း လင်းယွီကျင်းသည်လည်း သူမဟာ 'သူ ရိုက်လို့မ​သေရုံတမယ်ဖြစ်သွားတဲ့ထုံ​ကျော' ​နောက်တစ်​ယောက်ဖြစ်ပြီဟုပင် ​တွေးလိုက်မိသည့်အချိန်တွင်​တော့ ရှန်ကျွမ့်က ရုတ်တရက်ထရယ်​လေ​တော့၏။ အင်္ဂလိပ်ဖတ်စာအုပ်အားရှေ့တွန်းထုတ်လိုက်ပြီး ခန္ဓာကိုယ်အားခပ်မတ်မတ်ပြင်၍တစ်ဖက်သို့လှည့်ကာ နံရံ​နောက်သို့မှီလိုက်ရင်း အ​သောမသတ်နိုင်​အောင်ရယ်၍လှမ်းကြည့်လာသည်။

ရှန်ကျွမ့်မှ လင်းယွီကျင်းအား ပထမဆုံး​တွေ့ဖူးသည့်အချိန်ကဆိုလျှင် သူမဟာ လိမ္မာလွန်းသည့်လူတစ်​ယောက်ဟုလည်း မထင်မိသလို အ​ပေါ်ယံမြင်​တွေ့​နေရသကဲ့သို့ အန္တာရယ်မရှိ​လောက်မည့်လူဟုလည်း သူ မထင်မိ​​ပေ။ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ရာအတွက် စက်ပစ္စည်းတစ်ခုခုကို အသင့်ဖွင့်ထားသည်မျိုး သို့မှမဟုတ်လည်း အပြင်ဘက်​လောကကြီးအား လုံးလုံးအ​ရေးမစိုက်သည့်လူမျိုး ၊ လိုအပ်သည့်အ​ခြေအ​နေမျိုးမဟုတ်လျှင် ခန္ဓာကိုယ်ထက်မှ ဆူးချွန်များကိုထုတ်မသုံးဘဲသိမ်းထားသည်မျိုးနှင့်တူညီ​လေသည်။

DDBM - Bai Re Meng Wo [ ဘာသာပြန် ]Where stories live. Discover now