Chapter 12

249 29 1
                                    

{Unicode}

Translators - Li Zhen & Xiao Chong

လင်းယွီကျင်းက ထိုစာရွက်ပိုင်းအကြောင်း သုံးရက်အကြာမှသာ သိရှိသည်။

နဂိုမူလက သူမ၏ ပုန်ကန်မှုအား အဆုံးသတ်ရန် ရည်ရွယ်ထားခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဖုမင်ရှို့က နောက်အပတ်တွင် ကျောင်းပြန်ဖွင့်ပြီ ဖြစ်သည်။ ထမင်းအတူစားချိန်များမှလွဲ၍ နှစ်ဦးသားအကြား ဆက်ဆံမှုမှာ မရှိသလောက်ဖြစ်ကာ ကျောင်းပြန်ဖွင့်လျှင် သူနှင့်တွေ့ဆုံချိန် များများစားစား ရှိမည်မဟုတ်ဟု မျှော်မှန်းထားသည်။

လင်းယွီကျင်းက ပြဿနာမရှာလိုသလို ဒီကိစ္စကြောင့် မုန့်ဝေကော်နှင့်လည်း အငြင်းအခုန်မပြုလိုပေ။ အမှန်တကယ်ကို ငြင်းခုန်ရန်မလိုအပ်ပေ။ သူမသာ အိမ်တွင် နေထိုင်ရန် လိုအပ်လျှင် သူမက အိမ်တွင် နေမည်။ တံခါးပိတ်လိုက်သည်နှင့် အရာအားလုံး တိတ်ဆိတ်သွားကာ မည်သူမှ သူမအား နှောင့်ယှက်မည်မဟုတ်ချေ။

ရလဒ်အနေဖြင့် ယမန်နေ့မတိုင်ခင်ညက အောက်ထပ်ဆင်းကာ ရေသွားထည့်ချိန်တွင် ဧည့်ခန်းထဲ၌ အန်တီကျန်းနှင့် ဖုမင်ရှို့တို့ စကားပြောနေသည်ကို ကြားလိုက်ရသည်။

အချိန်ကား ညဆယ်နာရီကျော်ဖြစ်ပြီး ကျန်ဝန်ထမ်းအားလုံးမှာ အိပ်စက်အနားယူနေကြပြီဖြစ်သည်။ အန်တီကျန်းက သူမလေသံကို ဖိနှိပ်ကာ ခပ်တိုးတိုးလေသံဖြင့်

"မစ်စတာမုန့်ခေါ်လာတဲ့ အဲ့ဒီကလေးက ကြည့်ရတာ ရိုးသားမဲ့ ပုံပဲ၊ အခုချိန်ထိ ငြင်းခုန်စကားတစ်ခွန်းမပြောဖူးဘူး"

လင်းယွီကျင်းက လှေကားခြေရင်းသို့ လျှောက်သွားပြီးနောက် ရပ်လိုက်သည်။

ဖုမင်ရှို့က စကားမဆိုသော်လည်း အန်တီကျန်းက ဆက်ပြောသည်။

"ဒါပေမယ့် ဒီခေတ်ထဲမှာ အပြင်ဘက်အမြင်နဲ့ ဆုံးဖြတ်လို့ မရဘူး၊ ကလေးတွေကလည်း ဘယ်လို ဟန်ဆောင်ရမလဲ ကောင်းကောင်းသိနေကြပြီ၊ Mr. ဖု သားအတွက် ချန်ထားခဲ့တဲ့ ပစ္စည်းတွေကို သေချာပေါက် ကာကွယ်ရမယ်"

"အန်တီကျန်း"

ဖုမင်ရှို့ လေသံက အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်နေပုံရပြီး

DDBM - Bai Re Meng Wo [ ဘာသာပြန် ]Where stories live. Discover now