Chapter 5

247 31 1
                                    

{Unicode}

Translators - Li Zhen & Xiao Chong

စိတ်လှုပ်ရှားစရာ​ကောင်းသည့်ရန်ပွဲတစ်ခုကြည့်ရခြင်းဟာ စွမ်းအင်အ​မြောက်အများကုန်​ဆုံး​စေနိုင်သည်လား​​တော့မသိ ၊ လင်းယွီကျင်းမှာ ညဘက်​နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်​ပျော်​သွားတော့သည်။ ဤ​နေရာသို့​ရောက်လာပြီးသည့်သုံးရက်အတွင်း ​ကောင်း​ကောင်းမွန်မွန်အိပ်​ပျော်မိခြင်းလည်းဖြစ်သည်။

တစ်ညလုံးအိပ်မက်ဟူ၍မရှိ ၊ ​နောက်တစ်​နေ့မနက်ခင်း နိုးလာသည့်အချိန်တွင်ပင် ​ဝေဝါးဝါးနှင့် မိမိ၏နဂိုမူလအိမ်ဟု တစ်ခဏထင်မှတ်သွားမိခဲ့သည်။

မျက်​တောင်တစ်ဖျက်ခတ်မိရင်း ပန်းနု​ရောင်အခန်းစီးလိုက်ကာစများနှင့် နို့နှစ်​ရောင်​ကော်​​ဇောချပ်တို့မြင်လိုက်သည့်အခါတွင်မှ ဖြည်းဖြည်းချင်းအသိစိတ်ပြန်ကပ်လာ၏။ အရှိတိုင်းဆိုရလျှင် ကွမ်းရှန့်မိန်သည် အ​ပေါ်ယံအရာများ၌ အ​ကောင်းမွန်ဆုံးလုပ်ပြ​ပေးထားသည်​ပေ။ လင်းယွီကျင်း မ​ရောက်လာခင်အချိန်ကတည်းက သူမ၏အိပ်ခန်းအား ပြင်ဆင်​ပေးထားသည့်အပြင် အပြင်အဆင်နှင့်လိုက်ဖက်သည့်အ​​မွေးပွအရုပ်များ ၊ ​စျေးကြီးသည့်ညအိတ်ဝတ်စုံဝမ်းဆက်များ ထည့်​ပေးသည်မှာ ကြည့်လိုက်ရုံနှင့်ပင် စိတ်နှစ်ကိုယ်နှစ်ပြုလုပ်​ပေးထားသည့်အတိုင်း။

အကယ်၍များ ပထမဆုံး​တွေသည့်​အချိန်က သတိထားဖယ်ကျဥ်ချင်​နေ​သောအကြည့်တို့ကိုသာ သည့်ထက်ဖုံးကွယ်ပြနိုင်ပါလျှင် လင်းယွီကျင်းအ​နေဖြင့် သူမအား လက်ရှိအချိန်၌ 'အ​မေ'ဟုပင် စိတ်ပါလက်ပါ​ခေါ်ဆို​​နေမိ​လောက်မည်ဖြစ်သည်။

အိပ်ရာထဲလူးလိမ့်ပြီးသည့်​နောက်တွင်​​တော့ လင်းယွီကျင်း ​ရေချိုးအဝတ်စားလဲပြီး ​အောက်ထပ်သို့ဆင်းလာကာ ဖုမင်ရှို့နှင့်အတူ မွန်းကြပ်စရာ​ကောင်းလွန်းသည့်မနက်စာတစ်ပွဲအား စားဖြစ်ခဲ့သည်။ နှစ်​ယောက်သားက ထမင်းစားချိန်တစ်​လျှောက်လုံး မည်သည့်စကားမှမဆို။ လင်းယွီကျင်းမှ 'မင်္ဂလာနံနက်ခင်း'ဟု နှုတ်ဆက်လိုက်ပါ​​သေးသည့်တိုင် ဖုမင်ရှို့က တစ်ချက်ပင်​မော့ကြည့်မလာဘဲ မျက်နှာမည်းကြီးဖြင့်သာ ထိုင်​နေ​ချေသည်။

DDBM - Bai Re Meng Wo [ ဘာသာပြန် ]Where stories live. Discover now