(1)

3.8K 252 2
                                    

(Uni)

အဆင်းလှတဲ့ မင်းယောက်ျား။

အချင်းလှတဲ့ မင်း‌ယောက်ျား။

လေးစားထိုက်တဲ့ မင်း‌ယောက်ျား။

ချီးမြောက်ထိုက်တဲ့ မင်းယောက်ျား။

ထိုသူဟာ ဂျိုဆွန်းပြည်၏ စစ်သူကြီး Jeon ပင်ဖြစ်သည်။

စစ်သူကြီး Jeonဟာ ဂျိုဆွန်းဘုရင်မင်းမြတ်ရဲ့ ညီဖြစ်သည်။

မိဖုရားငယ်မှ မွေးဖွားလာသည့် သူ့အား မိဖုရားခေါင်ကြီး၏ တစ်ဦးတည်းသောသား သူ၏ အစ်ကိုဖြစ်သူ ဘုရင်မင်းမြတ်မှာ ငယ်စဉ်ကတည်းကပင် ညီရင်းပမာ ချစ်ခင်ရှာလေသည်။

တစ်နည်းအားဖြင့်ဆိုသော် သူသည် တော်ဝင်မင်းသားတစ်ပါးပင် ဖြစ်သည်။

ငယ်စဉ်ကတည်းက စစ်မှုရေးရာများကိုသာ စိတ်ဝင်စားသူဖြစ်သည့်အလျောက် တိုက်ရည်ခိုက်ရည်မှာလည်း ထူးချွန်လွန်းလှသူဖြစ်သည်။

စစ်ဘုရင်ဟုပင် တင်စားခေါ်ဝေါ်ကြသည်အထိ စစ်ရေးစစ်ရာကျွမ်းကျင်လှ‌သော စစ်သူကြီး Jeon ကြောင့် ဂျိုဆွန်းမှာ မည်သည့်တိုင်းပြည်ကမှ မထိရဲသည့် အင်အားအကြီးဆုံး တိုင်းပြည်တစ်ခုပင်ဖြစ်လေသည်။

တည်ငြိမ်‌ချောမောလှတဲ့ မျက်နှာသွင်ပြင်နဲ့အတူ နူးညံ့သောနှလုံးသားကိုပါ ပိုင်ဆိုင်ထားသူဖြစ်၍ အခြားသောတိုင်းပြည်များမှ ဘုရင့်သမီးတော်များမှာ ဂျိုဆွန်းဘုရင်မင်းမြတ်ထက် စစ်သူကြီးJeon နှင့်သာ လက်ဆက်လိုကြလေသည်။

သက်တော် 26နှစ်အရွယ်ရှိ အဖိုးတန် စစ်သူကြီး Jeon ကတော့ ချစ်ရေးချစ်ရာထက် စစ်ဗျူဟာရေးဆွဲခြင်းနဲ့ အမဲလိုက်ခြင်းကိုသာ စိတ်ဝင်တစားရှိသူဖြစ်သည်။

သူဟာ တစ်ဦးတည်း အမဲလိုက်ထွက်ရတာကို နှစ်သက်လှသူလည်းဖြစ်သည်။

တိုင်းရေးပြည်ရေးတွေ‌ကြောင့် မအားလပ်သည့် သူ့အဖို့ အမဲလိုက်ခြင်းသည်သာ တစ်ခုတည်းသော အပန်းဖြေရာ ဖြစ်လေသည်။

အမဲလိုက်ထွက်ရာတွင်လည်း တောဘုရင်များနှင့် ရင်ဆိုင်ရသည်ကိုသာ သဘောကျနှစ်ခြိုက်သူဖြစ်သည်။

Jeon's Gumiho (Completed)Where stories live. Discover now