(9)

2.1K 167 14
                                    

(Uni)

ဟွာမင်တောင်ရဲ့ အဖိုးတန် Gumihoလေး Kim Tae Hyung ဟာ တစ်ချိန်က သိပ်ကို အဆော့သန်ပြီး သိပ်ကိုချစ်ဖို့ကောင်းတဲ့ ကလေးလေးပင်ဖြစ်သည်။

ယခုတော့ Gumiho လေးရဲ့ မျက်နှာတော်မှာ အေးစက်ကွဲ‌ကြေရိပ်တွေ ပြည့်နှက်လို့နေသည်။

ဟွာမင်တောင်ကို ပြန်လာတဲ့ လမ်းတစ်လျှောက်လုံး မငိုမိအောင် မျက်ရည်မကျအောင်ထိန်းထားသည့် Tae Hyung ၏ ရုပ်သွင်မှာ အေးစက်တည်ငြိမ်နေသလောက် ရင်တွင်းမှာတော့ ကျိုးကြေနေမည်မှာ မှန်းဆ၍ပင်မရ။

စိတ်တင်းထားလေ ပိုခံရလေမို့ စိတ်လျော့ပြီး ငိုချင်ငိုချလိုက်လို့ ပြောခဲ့သော စကားတို့သည်

'Jeonက Tae Tae ငိုရင် နာကျင်ရတယ်တဲ့ .. Jeon နာကျင်မှာစိုးလို့ Tae Taeက လုံးဝမငိုဘူး.. ဟင့်အင်း လုံးဝငိုလို့မရဘူး Hyung '

ဆိုသည့် နာကျင်မှု အပြည့်နှင့် စကားလုံးများအောက်တွင် မှေးမှိန်ခဲ့ရလေသည်။

မျိုးနွယ်စုရဲ့ ကျင့်စဉ်တွေကို မျိုးနွယ်ဝင်တိုင်း တက်မြောက်အောင် ကျင့်ကြံရသည်။

ထိုကျင့်စဉ်ထဲတွင် လူသားမျိုးနွယ်သို့ ဆင်းသက်ပြီး ကျင့်ရသည့် ကျင့်စဉ်မှာ အန္တရာယ် များလွန်းလှလေသည်။

Gumiho လေး Tae Hyung အလှည့်ရောက်လာတော့ မျိုးနွယ်စု တစ်ခုလုံး စိုးရိမ်ပူပန်နေသည့်အတိုင်း အမြုတေခြွေ လူ့လောဘသားတို့နှင့် ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်ခဲ့ရလေသည်။

လူသားအသွင်ပြောင်းကျင့်စဉ် နုနယ်စဉ်မှာ တိုက်ခိုက်ခံရသည့်အပြင် တစ်ပါးသူအား သတ်ခွင့်မရှိသည့် ကျင့်စဉ်ကြောင့် သူ့ကိုယ်သူသာ အနာခံခဲ့သည့်သူ။

စိတ်စွမ်းအင်အရ ညီငယ်လေး အန္တရာယ်နှင့်ကြုံတွေ့နေရသည်ကို တွေ့မြင်လိုက်သည်နှင့် တစ်ပြိုင်နက် Kim SeokJinမှာ အမီလိုက်သွားခဲ့သော်လည်း လျှိုဂူကြီးရှေ့တွင်သာ Tae Taeရဲ့ မက်မွန်ရနံ့တွေ လှိုင်လှိုင်ရနေပြီး ကျန်နေရာများတွင် အနံ့ခံ၍ မရတော့ချေ။

အမြုတေချင်း ဆက်သွယ်ကြည့်သည့်အခါ သူ့ညီငယ်လေးရဲ့ အားနည်းလှတဲ့ အမြုတေကြောင့် ဖိအားပေးသလိုဖြစ်မည်စိုး၍ ဆက်သွယ်မှုကို ရပ်တန့်လိုက်လေသည်။

Jeon's Gumiho (Completed)Where stories live. Discover now