End

3.4K 227 44
                                    

(Uni)

"Tae Tae.. နှင်းလုံးလေး"

သတိရရခြင်း တမိသည့် နာမည်လေးပိုင်ရှင်လေးသည် သူ့နားတွင် ပုံရိပ်လေးမျှသာ ရှိနေသည်ကို စစ်သူကြီး Jeon တစ်ယောက်မသိချေ။

ကြည်ကြည်လင်လင်နိုးထလာတယ်ဆိုရင်ပဲ ဖြစ်စဉ်တို့ကတရေးရေးပေါ်လာသည်။

ပတ်ဝန်းကျင်အနေအထားကိုကြည့်လိုက်သည့်အခါ သူ့အတွက်စိမ်းသက်သည့်နေရာ။

သူဘယ်ရောက်နေတာလဲ။

သူ့ရဲ့ နှင်းလုံးလေးကရော ဘယ်များရောက်နေလဲ။

သူ့ ကလေးလေး အန္တရာယ်ကင်းပါရဲ့လား။

ထိုစဉ်မှာပင် သူရှိရာဆီသို့ လျှောက်လာသည်က နှင်းလုံးလေးရဲ့ အစ်ကို Jin Hyung။

"သက်သာရဲ့လား စစ်သူကြီး Jeon"

"ကျွန်တော် သက်သာပါတယ်.. နှင်းလုံးလေးရော Jin Hyung"

သူ့အမေးမှာ မျက်နှာအမူအရာပျက်သွားသည့် Jin Hyung ကြောင့် စိုးရိမ်စိတ်က တားမရ။

"သူ အန္တရာယ်ကင်းတယ်မလား Jin Hyung"

"သူ စစ်သူကြီး Jeon နားမှာရှိနေပါတယ်"

Jin Hyung ပြမှ သူ့ဘေးနားမှာ ခွေခွေလေး လဲနေသည့် မြေခွေးအသွင် ပုံရိပ်ယောင်လေးကို တွေ့လိုက်ရလေသည်။

"နှင်း.. နှင်းလုံးလေး.. ဘယ်လိုဖြစ်ရတာလဲ Jin Hyung"

သက်ပြင်းတစ်ချက်ကိုချလို့ Jin Hyung ပြောပြနေတဲ့ နှင်းလုံးလေးက သူ့ကို ကယ်တင်ခဲ့ပုံတွေကို နားထောင်ရသည်မှာ သူ့ရင်ကို ဓါးနှင့်မွှန်းနေသလိုပင်။

"ကျွန်တော် ထိတွေ့လို့ရနိုင်လား"

"ရနိုင်ပါတယ်.. အခုဆို စစ်သူကြီး Jeonက TaeTaeရဲ့ အမြုတေ ကိုးလုံးကို ပိုင်ဆိုင်တဲ့သူ ဖြစ်တာကြောင့် ထိတွေ့လို့ရပါတယ်.. နောက်ပြီး စစ်သူကြီး Jeonဟာ ကျွန်တော်မျိုးတို့လို့ မသေမျိုး ဖြစ်သွားပါပြီ.."

မသေမျိုးတဲ့လား။

ကိုယ့်အတွက် အဲ့လောက်တောင်စွန့်လွှတ်ရသတဲ့လား နှင်းလုံးလေးရယ်။

ဘေးနားကပုံရိပ်လေးကို အသာပွေ့ချီလိုက်တော့ မေ့မြောနေသည့် မြေခွေးအသွင်နဲ့ ခန္ဓာလေးက ပေါ့ပါးစွာပါလာလေသည်။

Jeon's Gumiho (Completed)Where stories live. Discover now