(2)

2.6K 230 3
                                    

(Uni)

အမွှေးဖြူဖွားဖွားနဲ့ နှင်းလုံးလေးက သိပ်ကို လှပတင့်တယ်တဲ့ ဒဏ္ဍာရီလာ နတ်မြေခွေးဖြူလေးပင်ဖြစ်သည်။

သူ နန်းတော်ထဲ သွားနေသည့်အချိန်မျိုးတွင်ဆို အိပ်ဆောင်မှာ ဒီအတိုင်းထားခဲ့ပါက အန္တရာယ်များလှလေသည်။

ထို့ကြောင့် နှင်းလုံးလေးအတွက် သူ၏ အိပ်ဆောင်တွင် ရွှေလှောင်အိမ်တစ်ခုအား ပြုလုပ်စေခဲ့သည်။

ဆေးကုသပေးစဉ်တစ်လျှောက်လုံး ဥယျာဉ်ထဲကိုတောင် ပေးမထွက်ပဲ အိပ်ဆောင်မှာသာ နေစေခဲ့သည်။

အခုချိန်မှာတော့ အသောမသတ်နိုင်တဲ့ လူ့မကောင်းဆိုးဝါးတို့ရဲ့ လောဘရန်မှ ကာကွယ်ဖို့ နှင်းလုံးလေးကို မည်သူမျှ တွေ့သွားလို့မဖြစ်ချေ။

အစောင့်ထားဖို့ဆိုရင်တောင် သူယုံကြည်ရသူမှာ အစ်ကို ဘုရင်မင်းမြတ် Nam Joon Hyung အပြင် သမားတော်ကြီးနဲ့ အထိန်းတော်ယွီသာရှိပေသည်။

အန္တရာယ်များလွန်းလှတဲ့ လောကအလယ်ကို သူခေါ်လာမိခဲ့ပြီလား။

နှင်းလုံးလေးအကြောင်းကို သမားတော်ကြီးကနေတစ်ဆင့် Nam Joon Hyung ကို သတင်းပါးထားရသည်။

ရှားပါးလှတဲ့ နတ်မြေခွေးဖြူကို ဒဏ္ဍာရီပုံပြင် တစ်ပုဒ်လိုသာ ကြားဖူးခဲ့ရသူအဖို့ တွေ့ချင်စိတ်တော့ အတော့်ကို ဖြစ်နေရှာပေလိမ့်မည်။

အခုချိန်ပေးတွေ့ပေးဖို့ရာတော့မဖြစ်နိုင်သေးပါ။

Nam Joon Hyung လည်း ကျိန်းသေပေါက် နားလည်ပေလိမ့်မည်။

အဖိုးတန်လှတဲ့ နှင်းလုံးလေးကို သူသာလျှင် ပထမဆုံး တွေ့ရှိခဲ့ရခြင်းကို တွေးမိတော့ အပြုံးတို့ ဖြစ်ထွန်းရသည်။

အပြင်ဒဏ်ရာတွေ ကောင်းကောင်းသက်သာသွားပြီဖြစ်တဲ့ နှင်းလုံးလေးဟာ အိပ်ဆောင်ထဲတွင် သူသွားရာ‌ နောက် တကောက်ကောက်သာ လိုက်ကပ်နေတော့သည်။

အခန်းတွင်းနေရာစုံအောင် ပတ်လိုက်နေပေမယ့် ရွှေလှောင်အိမ်နားကိုတော့ လုံးဝမသွားချေ။

အဝေးက‌နေသာ တွေတွေလေး ကြည့်နေတတ်သည်။

ထိုအချိန်မျိုးဆို သူသိပ်သဘောကျရတဲ့ ခရမ်းရောင်မျက်ဝန်းတို့ အရောင်ဖျော့နေတာကို မြင်လိုက်ရသည့်အခါတိုင်း ရင်ထဲဝယ် ဆစ်ခနဲပဲ။

Jeon's Gumiho (Completed)Where stories live. Discover now