(6)

2.3K 193 1
                                    

(Uni)

နန်းတော်ထဲကို  သူနှင့် Nam Joon Hyung သာ သိသည့် လျှို့ဝှက်မြေအောက်လမ်းက‌နေ ဝင်လာခဲ့သည်။

ထိုမြေအောက်လမ်းမှာ Nam Joon Hyung ၏ အိပ်ဆောင်အခန်းအတွင်း လျှို့ဝှက်တံခါးမှ ဖောက်ထားခြင်းဖြစ်ပြီး ရှေးအစဉ်အဆက် ရှင်ဘုရင်ဖြစ်သူတို့သာ သိသော်လည်း ယခု သူပါသိနေခြင်းမှာ Hyung ရဲ့ သူ့အပေါ်ထားတဲ့ ယုံကြည်မှုနှင့် ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။

သူရောက်ရှိနေကြောင်းကို အသိပေးဖို့အတွက် Nam Joon Hyung အနားယူမည့် ညဉ့်နက်အချိန်ထိ စောင့်ရမည်ဖြစ်သည်။

နှင်းလုံးလေးကတော့ ဆံနွယ်ဖြူတွေကို အနက်ရောင်‌ပြောင်းလို့ တစ်ပတ်လျှိုထုံးထားပြီး အမြီးလေးတွေကိုလည်း ဝှက်ထားလေသည်။

တင့်တယ်လှပတဲ့ မျက်နှာတော်က အိမ်တော်တွေရဲ့ အရှင်တစ်ပါးလိုပင်။

မလွှတ်တမ်းဆုပ်ကိုင်ထားတဲ့ လက်နှစ်ဖက်ဟာ မြဲမြံစွာ။

သူ့လက်မောင်းကိုချိတ်လို့ သူ့ပုခုံးပေါ် ခေါင်းလေးမှီထားတဲ့ နှင်းလုံးလေးက နတ်စွမ်းအင်အပြည့်အဝ ပြန်လည်မရရှိသေးသောကြောင့် လူအသွင်ပြောင်းထားရသည်မှာ အားနည်းနေရှာ‌ပေလိမ့်မည်။

"လူအသွင်‌ပြောင်းထားရတာ ပင်ပန်းနေပြီလား"

"အင်း Jeon"

"ခဏလေးပဲ သည်းခံထားနော်.. Hyung နဲ့တွေ့ရင်တစ်ခါတည်း သမားတော်ကြီးနဲ့ နတ်စွမ်းအင် ကုထုံးလုပ်ပေးမယ်နော်"

"အင်း"

ဆုပ်ကိုင်ထားတဲ့ လက်ကလေးကို ပို၍တင်းကျပ် စေလိုက်သည်။

Nam Joon Hyung အိပ်ဆောင်သို့ ဝင်လောက်မည့်အချိန်မှာ နှစ်ဦးတည်းသာသိသည့် လေချွန်သံ တစ်ချက်ပေးလိုက်သည်။

ခေတ္တာမျှ စောင့်ဆိုင်းပြီးနောက်မှာ မြေအောက်လမ်းနှင့် ဆက်သွယ်ထားတဲ့ လျှို့ဝှက်တံခါးပေါက်ဟာ ပွင့်လာခဲ့သည်။

"Hyung"

"အဆင်ပြေရဲ့လား Jungkook"

"ဟုတ်ကဲ့ ပြေပါတယ်"

"သူလေးက"

"ကျွန်တော့်ရဲ့ နှင်းလုံးလေးပါ"

Jeon's Gumiho (Completed)Where stories live. Discover now