(5)

2.3K 210 9
                                    

(Uni)

နှင်းလုံးလေးကို ပွေ့ချီကာ အတော်ဝေးဝေး ခရီးနှင်ခဲ့တာကြောင့် နောက်ကနေ မြင်းနှင့်လိုက်မယ်ဆိုရင်တောင် ဟွာရမ်တောကို စစ်သူကြီး Jeon လောက် ကျွမ်းတဲ့သူ မရှိသည်မို့ ချက်ချင်းရှာတွေ့ဖို့ဆိုရာ မဖြစ်နိုင်ပါ။

တောအတော်နက်သည်အထိ ခရီးနှင်ပြီးတဲ့နောက် တောင်‌တွေကြားထဲက လျှိုကြီးတစ်ခုကို တွေ့လိုက်ရတော့ အမျိုးအမည်မသိတဲ့ ခံစားချက်တို့ ဖြတ်ပြေးသွားသည်။

ထိုလျှိုကြီးမှာ သူတစ်ဦးတည်းသာ သိသည့် ဝင်္ကပါလမ်းတွေနှင့် တောအုပ်အထပ်ထပ်ကြား ဝှက်ထားသော လျှိုကြီးပင်ဖြစ်သည်။

ယခုချိန်မှာ သူတို့အတွက် လုံခြုံစိတ်ချရဆုံး နေရာတစ်ခုလည်းဖြစ်သည်။

နှင်းလုံးလေးကို တစ်လမ်းလုံးပွေ့ချီလာခဲ့ပြီး လျှိုထဲရောက်မှ အောက်ကိုချပေးလိုက်သော်လည်း သူ့ခြေသလုံးကိုသာ အမြီးလေးနဲ့ ဖက်ထားလေသည်။

သံယောဇဉ်တဲ့ သိပ်ကြောက်ဖို့ကောင်းပါသည်။

ပြောမထွက်ရက်တဲ့ စကားလုံးတချို့က သူ့လည်ဝမှာ တစ်ဆို့နေသည်။

နတ်စွမ်းအင်ကုသမှုကလည်း အရှင်းမပြီးပျောက်သေးဘူး။

နှင်းလုံးလေးကို သူနဲ့ဝေးရာ တစ်ကိုယ်တည်း ထားခဲ့ဖို့ဆိုတာ ဘယ်အသည်းကများ မာကျောနိုင်မည်နည်း။

သူမှသူ တွယ်တာလွန်းတဲ့ ကောင်ငယ်လေးကို သူဘယ်လို ချန်ထားခဲ့ရမည်နည်း။

အရာရာကို သိတတ်နားလည်နိုင်စွမ်းရှိသည့် နှင်းလုံးလေးက ယခုအခြေအနေကို ရိပ်‌မိနေသည်မှာ မလွဲ။

ခြေသလုံးကို ဖက်ထားတာများ လုံးဝကိုမလွှတ်တော့တာ။

အနီးနားက ကျောက်ဖျာပေါ်ထိုင်ကာ ရင်ခွင်ထဲထည့်ထားတော့ ခရမ်းရောင် မျက်ဝန်းတောက်တောက်လေးတွေနဲ့ သူ့မျက်နှာ အရိပ်အကဲကို လိုက်ကြည့်နေလေသည်။

သူသိပ်သဘောကျရတဲ့ ခရမ်းရောင်မျက်ဝန်းလေးတွေဆီမှာသာ အကြည့်ကိုထားလို့ အချိန်အတော်ကြာသည်အထိ နှုတ်ဆိတ်လျက်သာ ရှိနေတဲ့သူ့ကို ရင်ခွင်ထဲက နှင်းလုံးလေးက လက်ကလေးနဲ့ သူ့ရင်ဘတ်ကို တဘုတ်ဘုတ်နှင့် လာပုတ်လေသည်။

Jeon's Gumiho (Completed)Where stories live. Discover now