(7)

2.2K 179 8
                                    

(Uni)

ဂျိုဆွန်းပြည်တွင် စစ်သူကြီး Jeonက သူ၏ညီတော်ကို သိပ်ချစ်အလိုလိုက်တယ်ဆိုပြီး သတင်းကြီးလာလေသည်။

နတ်စွမ်းအင်ကုထုံးတွေလည်း အကုန်အောင်မြင်ပြီး စွမ်းအင် အပြည့်အဝပြန်ရနေပြီ‌ဖြစ်သော်လည်း သူကတော့ ခုထိ နှင်းလုံးလေးကို ပိုးမွေးသလို အရိပ်တကြည့်ကြည့်နှင့် စိုးရိမ်မကင်းနိုင်ဖြစ်နေဆဲပင်။

နှင်းလုံးလေးသူ့ကို ဘယ်လောက်တောင်ကပ်လဲဆိုရင် အစားအသောက်စားတာက အစ သူကိုယ်တိုင်ခွံ့ကျွေးမှသာ စားလေသည်။

ခက်ရသည်က မြေခွေးဖြူလေးပုံစံတုန်းက သူ့ ရင်ခွင်ထဲဝင်အိပ်သလို ခုထိလည်း အဲ့လိုပဲ။

သူ့ရင်ခွင်ထဲ အိပ်ပျော်နေတဲ့ အဖြူရောင် အလှနတ်ဘုရားကို ငေးကြည့်ခြင်းတွေမှာ နှလုံးခုန်သံကို အတိုင်းသားကြားနေရသည်။

ဖြစ်သင့်ခြင်း မဖြစ်သင့်ခြင်း ဆိုတာတွေထက် ခံစားချက်ကတော့ အရောင်တွေပြောင်းနေခဲ့‌လေပြီ။

ကျွန်တော့် ဘဝရဲ့ တစ်ခုတည်းသော မြတ်နိုးရာလေးဆိုတာ သေချာသွားတဲ့နောက် အရာရာဟာ နှင်းလုံး‌လေးသာ ဖြစ်သည်။

နှင်းလုံးလေးရဲ့ ခံစားချက်ကလည်း ကျွန်တော့်အပေါ်မှာ ရှိနေတယ်ဆိုတာ ဖြူစင်လွန်းလှတဲ့သူလေးမို့ တွယ်တာမှုတွေကို မြင်ရသူတိုင်း သိကြပေလိမ့်မည်။

သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်ငယ်လေးက တစ်ခါတစ်ရံ ကျွန်တော်က Tae Taeလို့ခေါ်လိုက်ရင် သိပ်သဘောကျတတ်သလို တစ်ခါတလေလည်း နှင်းလုံးလေးနဲ့ Tae Taeကြား သူ့ကိုယ်သူ သဝန်တိုတတ် ပြန်ပါသေးသည်။

မြတ်နိုးရခြင်းများစွာနဲ့ ရင်ခွင်ထဲက အိပ်မောကျနေသူလေးကို တင်းကျပ်နေအောင် ဖက်ထားလေတော့ တစ်ချောင်းတည်းသော အမြီးလေးက သူ့ခါးကို ပြန်ဖက်ထားလေသည်။

တွယ်တာလွန်းသူနဲ့ ချစ်မဝလွန်းသူ

ဘယ်သူက ပိုမယ်ထင်ပါသလဲ။

ထိန်းချုပ်မရနိုင်သော ချစ်ခြင်းတွေ ထပ်တူညီကြသော်ငြား တန်ဖိုးထားလို့ ချစ်ခွင့်ပန်သည့်အခါ အဖိုးတန်လေးရဲ့ တုံ့ပြန်မှုတစ်ခုချင်းဆီကို သူ့ နှလုံးသားထဲ တစ်သက်တာ မှတ်တမ်းတင်ထားချင်ပါသေးသည်။

Jeon's Gumiho (Completed)Where stories live. Discover now