(8)

2.2K 176 13
                                    

(Uni)

သုန်မှုန်နေသော မျက်နှာထားနှင့် စိတ်ရှုပ်နေဟန်အပြည့်ဖြစ်နေသည့် အမတ်ချုပ်ကြီးဆွန်း။

စစ်သူကြီး Jeon ကို ‌နေရာကနေဆွဲချဖို့ အမြဲ ချောင်းမြောင်းနေကြတဲ့ အမတ်ချုပ်ကြီးက နတ်မြေ‌ခွေးပေါ်ထွက်လာမှုအပေါ်ကို အာရုံစိုက်နေမိလေသည်။

ရှင်ဘုရင်နဲ့ စစ်သူကြီးက ဘယ်လိုပဲ မဟုတ်ပါဘူးလို့ ငြင်းနေပါစေ နတ်မြေခွေးကို မျက်ဝါးထင်ထင် တွေ့ခဲ့ရသည့်သူမှာ သူ့ရဲ့ သစ္စာရှိနောက်လိုက် မြွေမိစ္ဆာပင်ဖြစ်သည်။

နတ်မြေခွေးတို့သည် ဒဏ္ဍာရီ အဆိုအရ ဘုန်းတန်ခိုးကြီးမြတ်လှသည့် ရှင်ဘုရင်တို့၏ စောင့်ရှောက်သူများဟု ရှေးစဉ်က သိထားခဲ့သော်ငြား ယခု နတ်မြေခွေးဖြူမှာတော့ ရှင်ဘုရင်အား စောင့်ရှောက်သူတော့ မဟုတ်တန်ရာ။

စစ်သူကြီး Jeon ကို အန္တရာယ်ဖြစ်စေတာနဲ့ ကွယ်ဝှက်ထားတဲ့ အမြီးကိုး‌ချောင်းတို့ထွက်လာပြီး ဒေါသတကြီး တိုက်ခိုက်လာတယ်ဆိုတာကြောင့် စစ်သူကြီး Jeon ၏ စောင့်ရှောက်သူ နတ်မြေခွေးပင် ဖြစ်လိမ့်မည်။

ထို့ကြောင့် နတ်မြေခွေးကို စစ်သူကြီးနားတစ်ဝိုက်သတိထား စောင့်ကြည့်နေသော်လည်း အရိပ်အယောင်တောင် မတွေ့ရချေ။

စစ်သူကြီး Jeon ကလည်း ဒီရက်ပိုင်း ဟိုတလောကမှ ပေါ်လာသည့် ဝမ်းကွဲညီဖြစ်သူဆိုသူအား ဂရုစိုက်လွန်းလှသည်ဟူသော အတွင်းသတင်းတို့သာကြားရသည်။

နတ်မြေခွေးဖြူနှင့်ပတ်သက်၍တော့ မည်သည့်သတင်းမျှ မကြားရ‌‌တော့ချေ။

အခါးရည်ခွက်ကို ပါးစပ်နားတေ့လိုက်ချိန်မှာပဲ ဝင်လာသည့်အတွေးတစ်ခုကြောင့် မျက်နှာပေါ်တွင် ကောက်ကျစ်စဉ်းလဲ လှသော အပြုံးက နေရာယူနေသည်။

သူဟာ အဓိကဖြစ်နိုင်ချေ အရှိဆုံးအချက်ကို အဘယ်ကြောင့်များမေ့ထားမိနေသနည်း။

ဘာတဲ့ စစ်သူကြီး Jeon က သူ့ညီတော် ဝမ်းကွဲ Kim Tae Hyung ဆိုသူကို သိပ်ချစ် သိပ်အလိုလိုက်တယ်ဆိုပဲ။

ဒီလူဟာ နတ်မြေခွေးပေါ်လာတဲ့ အချိန်မှာ ပေါ်လာခဲ့တာဖြစ်ပြီး နတ်မြေခွေးတို့သည် လူအသွင်ပြောင်းနိုင်သော စွမ်းအားကို ပိုင်ဆိုင်သူများဖြစ်သည်ကို သူဘာကြောင့်ခုမှ တွေးမိသနည်း။

Jeon's Gumiho (Completed)Where stories live. Discover now