(3)

2.4K 212 3
                                    


(Uni)

နှင်းလုံးလေးကို ထားခဲ့ပြီး ထွက်သာလာခဲ့ရတယ် စိတ်ထဲမှာ နောက်ဆံတင်းနေရသည်။

ဒီနေ့ ညီလာခံတက်ရတာ သူ့အတွက် ပထမဆုံးအကြိမ် စိတ်မဖြောင့်ခြင်းပဲဖြစ်သည်။

တစ်ချက်တစ်ချက် အာရုံလွင့်သွားသည်ကို Nam Joon Hyung က ရိပ်မိသည် ထင်ပါရဲ့ မျက်ရိပ်အသာပြလို့ ညီလာခံစောသိမ်းလေသည်။

ညီလာခံပြီးတာနဲ့ NamJoon Hyung ထံ အခစားဝင်တော့

"ကဲဆိုပါအုံး ညီတော်.. နတ်မြေခွေးဖြူလေးအခြေအနေ"

"အတော်လေးသက်သာနေပါပြီ"

"နတ်မြေခွေးတွေက သိပ်ကိုရှားပါးသွားပြီ.. Hyung တို့ ခမည်းတော်လက်ထက်ကတောင် ‌တွေ့ဖူးတဲ့သူမရှိဘူး.. သိပ်လည်းအဖိုးတန်တာမလို့ မလိုလောဘသားတွေလက်ထဲမရောက်အောင် Hyung တို့က သေချာကာကွယ်ပေးရမယ်"

"ဟုတ်ကဲ့ Hyung.. ခုတောင် ဘယ်လိုအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတယ် မသိဘူး"

"သိပ်လည်းစိတ်မပူပါနဲ့ Jungkook .. Hyung တို့ ကာကွယ်နိုင်မှာပါ"

"သူ ဒဏ်ရာတွေ အတော်များတာ"

"အေးရာအေးကြောင်း အမြဲနေတတ်တဲ့ ကိုယ့်ညီက ခုတော့ နောက်ဆံတင်းစရာလေးရှိနေခဲ့ပြီပေါ့"

Nam Joon Hyung စကားကြောင့် သူ ပြုံးမိပါသည်။

"Hyung မြင်ရင်သိလိမ့်မယ်.. သူက လူတအားကပ်တယ်"

"ဟုတ်ရဲ့လားကွာ.. ငါကြားဖူးတာတော့ သူတို့က တစ်သီးတစ်သန့်နေတတ်ကြတာပါ.. လူသားတွေဆို မြင်တာနဲ့တောင် အဝေးမှာနေတတ်သူတွေလို့ ကြားဖူးတာ"

"အဲ့ထဲ နှင်းလုံးလေးမပါဘူး ထင်ပါ့"

"နှင်းလုံးလေး..ဟုတ်လား"

"ကျွန်တော်ပေးထားတဲ့ နာမည်လေးပါ"

"ဟားဟား ငါ့ညီ‌ကတော့ကွာ"

"Hyung မိန့်စရာမရှိတော့ရင် အိမ်တော်ပြန်ခွင့်ပြုပါ"

"အရင်ကဆို ညီလာခံပြီးရင် ငါကိုယ်တော်နဲ့ နိုင်ငံရေး စီးပွားရေးတွေတိုင်ပင်.. စားတော်ပွဲတည်ပြီးမှ ပြန်နေကြကို ခုတော့ သိပ်လောနေပါ့လား.."

Jeon's Gumiho (Completed)Where stories live. Discover now