(4)

2.4K 208 4
                                    

(Uni)

တ‌ဖြေးဖြေး ကျန်းမာရေးကောင်းလာတဲ့ နှင်းလုံးလေးကို ပထမဆုံးအကြိမ် နန်းဆောင်အပြင်ဘက်မက်မွန်ဥယျာဉ်ထဲ အလည်ခေါ်လာတော့ ပျော်နေလိုက်တာများ အမြီးလေးတလှုပ်လှုပ်နဲ့ ခုန်ပေါက်ပြေးလွှားနေလိုက်တာ သူတောင် နောက်က မနည်းလိုက်နေရသည်။

မက်မွန်ပင်က အကိုင်းအခတ်လေးတွေကို ဦးခေါင်းနဲ့ ခုန်တိုက်လို့ ကြွေကျလာတဲ့ မက်မွန်ပွင့်ဖတ်လေးတွေကြား ခုန်ပေါက်ပျော်မြူးစွာ ဆော့နေပြန်ပါသည်။

တကယ်အဆော့သန်လေး။

နောက်တစ်ကြိမ် မက်မွန်ကိုင်းကို ခေါင်းနဲ့တိုက်ဖို့ရွယ်တော့ ကိုယ့်မယ် အပြေးအလွှားတားရသည်။

"နှင်းလုံးလေး... တော်ပြီ"

ဒိုင်းခနဲ ကြည့်လာတဲ့ မျက်စောင်းတစ်ချက်ကြောင့် နှလုံးတစ်ချက်ဆောင့်ခုန်သွားသည်။

နတ်မြေခွေး ဖြစ်နေလို့သာ နဂါးသာဆို သူဒီနေရာမှာတင် ပြာဖြစ်လောက်ပြီ။

"ခေါင်းနာနေမယ်"

ကဲ နောက်တစ်ချက် ရောက်လာတဲ့ မျက်စောင်းက ပိုပြင်းပါသည်။

စွာလိုက်တာ စွာလိုက်တာဆိုတာ။

သူ့မယ် အသည်းတယားတယား..

"ကိုယ့်လက်နဲ့ လှုပ်ချပေးမယ် ဟုတ်ပြီလား"

ထိုမှသာ အမြီးလေးနဲ့ သူ့ ခြေသလုံးကို လာဖက်လေသည်။

သူ့လက်နှင့် လှုပ်ခါပေးတော့ ခေါင်းနှင့်တိုက်တုန်းကထက် မက်မွန်ပွင့်ဖတ်လေးတွေ ပိုများများ ကျ‌လာတော့ သဘောကျနေလေရဲ့။

နှင်းလုံးလေး ပျော်နေတာကို ကြည့်ရင်း သူ့ရင်ထဲ ခပ်နွေးနွေးနဲ့ သိမ့်သိမ့်လေး ခံစားနေရသည်။

အပျော်ကူးစက်တယ်ဆိုတာထက် နှင်းလုံးလေးအတွက်ပျော်ရွှင်မှုကို ကိုယ်က ဖန်တီးပေးထားတယ်ဆိုတဲ့ ခံစားချက်က တကယ်ကို သိမ့်သိမ့်လေးနဲ့ နွေးနွေးလေး။

မက်မွန်ဥယျာဉ်ထဲဝယ် အတွေးကိုယ်စီနဲ့ ပြုံးပျော်နေကြတဲ့ စစ်သူကြီး Jeonနဲ့ မြေခွေးဖြူလေး ကတော့ အန္တရာယ် အငွေ့အသက်ကို မခံစားမိကြချေ။

Jeon's Gumiho (Completed)Where stories live. Discover now