ဆောင်းနှင်းဓါးထက်ချယ်ရီဝေ

201 38 0
                                    

Chapter 58
Imperial MeowJuly 10, 2023

ခေါက်ကန့်လန့်ကာ
Chapter 58

မုန့်အိမ်​တော်အတွင်း





ချီယန်ရှန့်သည် ​ကျောက်ပွင့်ဟင်းချိုကို တစ်ငုံ​သောက်လိုက်ပြီးနောက် တည်ငြိမ်စွာပြောလာသည်။

"လင်းကုန်းဇီ ကျန်းဟူမှာရှိတဲ့လူတိုင်းမှာ တခြားသူတွေ မသိနိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေတတ်တယ်ဆိုတာ မင်းလည်းသိပါတယ်"

လင်းရု​ဖေးက ​အေးစက်စွာဖြင့် “လူတိုင်းမှာ လျှို့ဝှက်ချက်တွေရှိတယ် ဒါပေမယ့် အဲဒါက တခြားသူတွေကို ထိခိုက်​အောင်ဖို့ အကြောင်းပြချက်တော့ မဟုတ်ဘူး မုန့်မိသားစုက မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်​လေ မင်းကဘာလို့ ဒီလောက် ဝမ်းနည်းစရာ​ကောင်းတာတွေကို လုပ်​နေရတာလဲ"

"ဟုတ်တယ် မုန့်မိသားစုက ကျွန်တော်ကို ကောင်းကောင်းဆက်ဆံတယ်"

ချီယန်ရှန့်သည် သက်ပြင်းရှည်ကို ချလိုက်ပြီးနောက် သူ့လေသံက အနည်းငယ် ​ပြောင်းလဲသွား၏။ "ကျွန်တော်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံ​ပေးတဲ့ သူတို့မိသားစုကြောင့်သာ မဟုတ်ဆိုရင် ကျွန်တော်က ဘာလို့ ဒီ ရှင်းကျိုးမြို့မှာ ဆယ်နှစ်ပြည့်တဲ့အထိ ​နေ,​နေမှာလဲ"

ဆယ်နှစ်...။

ချီယန်ရှန့်သည် မုန့်မိသားစု၏ ဂုဏ်သ​ရေရှိဧည့်သည်အဖြစ် ဆယ်နှစ်ကျော်ကြာအောင် နေနေခဲ့သည်။ လင်းရု​ဖေးက မျက်မှောင်ကြုတ်လိုက်မိပြီး အရာအားလုံးက ပိုရှုပ်ထွေးလာသကဲ့သို့ ခံစားလိုက်ရသည်။

ချီယန်ရှန့်ကဆိုသည်။

“လင်းကုန်းဇီ ကျွန်တော် မင်းကို ပြောနိုင်​တော့ရှိတယ် မုန့်လန်​ရောကို ထိခိုက်​အောင်လုပ်ဖို့ ကျွန်တော် ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး သူက ကျွန်တော် စောင့်ကြည့်လာခဲ့တဲ့က​လေးတစ်​ယောက်ပဲ ပြီး​တော့ သူ့ကို ထိန်း​ကျောင်းလာခဲ့တာ ဒါ​ကြောင့် သူ့ကို ဆန့်ကျင်ပြီး ကျွန်တော် ဘာများလုပ်နိုင်မှာလဲ"

လင်းရု​ဖေးက ​မေးမြန်းလိုက်သည်။​

“ဒါဆို မီးပုံးကိစ္စကို ဘယ်လိုရှင်းပြမလဲ"

ဆောင်းနှင်းဓါးထက်ချယ်ရီဝေUnde poveștirile trăiesc. Descoperă acum