ဆောင်းနှင်းဓါးထက်ချယ်ရီဝေ

240 39 0
                                    

Chapter 57
Imperial MeowJuly 10, 2023
Chapter 57



လင်းရု​ဖေးသည် သူ့ခါးထက်တွင်ရှိ​သော ဓားကိုကိုင်ထားပြီး ကုရွှမ်းတုမှ သူ ဘာတွေတွေးနေတာလဲဟု ​မေးလာသည့်အချိန်အထိ အကြာကြီး ငြိမ်နေမိသည်။

သူက အေးစက်စွာနှင့်ပင် ​ပြောလိုက်သည်။

“အဲဒီ ချီယန်ရှန့်ကို တစ်ချက်တည်းနဲ့ သတ်လိုက်ရင် နောက်ဆက်တွဲ ပြဿနာ​တွေဖြစ်လာမလားလို့ တွေးနေတာ"

ကုရွှမ်းတုက ထိုစကားများကိုကြားလိုက်ချိန်တွင် မရယ်မိ​စေရန် ထိန်းထား​သော်လည်း အသက်ရှူကျပ်သည်အထိ ရယ်မောလိုက်မိ၏။

"​ရှောင်ကျို့ ဒေါသထွက်နေပြီ အာ..."

တစ်စုံတစ်ယောက်ကို သတ်ချင်သည်ဟု ပြောသည့်အချိန်တုန်းက လင်းရု​ဖေး၏ပုံစံက လုံး၀တည်ကြည်အေးစက်​နေသည်ဆိုပေမယ့်  မည်သို့ပင်ဆို​စေကာမူ သူ့အတွက်မူ ထိုသူလေးက အမြဲတမ်း ချစ်ဖို့ကောင်းနေဆဲပင်။

ထို့နောက်တွင်တော့ သူက လင်းရူဖေးဘက်သို့ လှည့်ကာ ချစ်ခင်မြတ်နိုး​သောအကြည့်ဖြင့်ကြည့်၍ နူးညံ့စွာ ​ပြောလိုက်၏။

“မင်း သတ်ချင်တယ်ဆိုရင် သတ်လိုက်လို့ရတယ်...ရှောင်ကျို့ကို မ​ပျော်ရွှင်အောင် လုပ်တဲ့သူတိုင်းက သေဖို့ ထိုက်တန်တယ်"

လင်းရုဖေးက ကုရွှမ်းတုတစ်ယောက်သူ့ကို လှည့်စားနေပြန်သည်ဟုသာ တွေးလိုက်ပြီး တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမဆိုဘဲ ထွက်သွားတော့သည်။

ရှောင်ယွီ၏သေဆုံးမှုသည် မုန့်လန်​ရော၏နှလုံးသားကို အမှန်တကယ် ကွဲ​ကြေသွားစေသည်။ မုန့်လန်​ရောသည် သုံးရက်လုံးလုံး မစားမသောက်၊ မအိပ်ဘဲ​နေခြင်းကြောင့် သခင်မမုန့်သည် သူ့ကို သတိလစ်မေ့မြောအောင် လုပ်ရုံမှလွဲပြီး ရွေးချယ်စရာမရှိ​တော့​ပေ။ ထို့​နောက် ဆေးရည်ဟင်းချိုကို အတင်းတိုက်ကျွေးလိုက်တော့သည်။

လင်းရု​ဖေးလည်း သတိလစ်နေသော မုန့်လန်​ရောကို ​ကြည့်နေမိသည်။ ရက်အနည်းငယ်အတွင်းမှာပင် ထိုသခင်ငယ်လေး၏ ကိုယ်အလေးချိန်က အများကြီးကျသွားခဲ့သည်။ သူ၏ နဂို လုံးဝန်း​သောပါးပြင်​လေးများအစား ယခုတွင် မေးစေ့ပါးပါးလေးသာကျန်တော့သည်။ သူ့မျက်လုံးများက မှိတ်ထားသော်လည်း မနိုးထနိုင်သော အဆုံးမရှိသည့် အိမ်မက်ဆိုးထဲတွင် ပိတ်မိနေသကဲ့သို့ မျက်မှောင်ကြုတ်ထားဆဲပင်။

ဆောင်းနှင်းဓါးထက်ချယ်ရီဝေWhere stories live. Discover now