chapter 141

143 27 1
                                    

Chapter 141
Imperial MeowAugust 16, 2023
Chapter 141

ရှဲယိကျစ်

───────

လင်းရု​ဖေးက သူတို့နှစ်ယောက် ကောင်းကင်ယံတွင် တိုက်ခိုက်နေကြသည်မှာ မည်မျှကြာပြီမှန်း မ​ပြောနိုင်သော်လည်း ​နောက်ဆုံးတွင် နှစ်ရက်လုံးရွာ​နေ​သောမိုးမှာ တဖြည်းဖြည်းနှင့် စဲသွား​ပေပြီ။ ထိုကိစ္စကို စိတ်ပူနေခဲ့ကြ​သော လူများသည် နောက်ဆုံး၌ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။ ​လေပေါ်မှ တိုက်ပွဲသည်လည်း တဖြည်းဖြည်း ပြီးဆုံးသွားပြီဖြစ်ပြီး ပါးစပ်ထဲတွင် တစ်ခုခုကို ကိုက်ထား​သောကြောင်ပုံစံ နတ်ဆိုးကြီးတစ်ကောင်ကသူ့နံဘေးသို့ ပျံသန်းလာသည်ကို လင်းရု​ဖေး တွေ့လိုက်ရသည်။ သူနှင့် ပိုနီးကပ်လာလေလေ နတ်ဆိုး၏ ကိုယ်လုံးကိုယ်ထည်ပုံသဏ္ဍာန်သည် သေးငယ်လာ​လေလေဖြစ်သည်။ လင်းရု​ဖေးသည် ၎င်းကို စိုက်ကြည့်ကာ နတ်ဆိုး၏အသွင်အပြင်လက္ခဏာကို အတည်ပြုလိုက်သည်—ယင်းက သူ၏ဓားနှင့် ပစ်ထုတ်ခြင်းခံလိုက်ရသောတစ်ယောက်ပင်။ အထူးခြားဆုံး​သောအရာမှာ သူက အစိမ်းရောင်အဝတ်အစား ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးကို ပါးစပ်ထဲတွင် ကိုက်ချီထား၏။

ထိုလူ၏မျက်နှာသည် ရောင်ရမ်းနေပြီး ပါးစပ်မှလည်း တစ်စုံတစ်ရာကို အော်ဟစ်ဆဲဆိုနေ​သေး​သော​ကြောင့် ထိုလူသည် ချီယွီ၏ရိုက်နှက်ခြင်းကို ခံခဲ့ရပုံပင်။ ချီယွီက သူ၏ဆဲဆိုသံကြောင့် စိတ်တိုသွားကာ လက်ကိုမြှောက်ပြီး လက်သည်းနှင့် ကုတ်ခြစ်လိုက်​သော​ကြောင့် ထိုလူသည် လုံးလုံးလျားလျား သတိလစ်​မေ့​မြောလုနီးပါးဖြစ်သွားသည်။

ချီယွီက တည်းခိုခန်းသို့ ပြန်ရောက်သည်နှင့် သာမန်ကြောင်တစ်ကောင်၏အရွယ်နီးပါး ဖြစ်သွားသောကြောင့် သူ့ပါးစပ်ဖြင့် သယ်​ဆောင်လာ​သောသူသည် မကြာမီ သူ့ပါးစပ်မှ ထွက်ကျသွားသည်။ “​ဘောင်း” ဆို​သောအသံနှင့်အတူ ထိုသူကို အမှိုက်တစ်စကဲ့သို့ မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး လင်းရု​ဖေးအား ကျိန်ဆဲရင်း ထိုသူကို တက်နင်းလိုက်သည်။

“အရှက်မရှိလိုက်တာ ထပ်လုပ်လိုက်စမ်းပါ[1]"

[1] - “နောက်တစ်ကြိမ် ထပ်လုပ်ဖို့ ငါ မင်းကို စိန်​ခေါ်တယ်” လို့ ပြောသလိုပါပဲ။

ဆောင်းနှင်းဓါးထက်ချယ်ရီဝေWhere stories live. Discover now