ဆောင်းနှင်းဓါးထက်ချယ်ရီဝေ

533 77 0
                                    

Chapter 5

မြို့ကိုဖြတ်သန်းသွားသည့်အချိန်တွင် လင်းရုဖေးသည် အလွန်တရာမှသာယာလှပသော ပုလွေသံကို ကြားလိုက်ရသည်။  အသံထွက်ပေါ်လာသည့်နေရာကို သူမြင်နိုင်ရန် ကြိုးစားကြည့်သော်လည်း တံတားငယ်တစ်ခုနှင့် ဝါးဦးထုပ်ကို ဆောင်းထားသည့် ဓားသမားတစ်ဦးကိုသာ တွေ့လိုက်ရသည်။ ဓားသမားသည် ကျောက်တုံးများကို မှီ၍ အလွန်သာယာလှပသည့် ပုလွေသံလေးကို တီးမှုတ်နေပေ၏။

သို့သော် ထူးဆန်းသည်မှာ ပုလွေသံကိုသာကြားနေရပါသော်လည်း မည်ည့်တူရိယာမှရှိမနေပေ။ လင်းရုဖေးက သူ့အနားမှ ဖြတ်သွားလိုက်သည်။ ဓားသမားသည် သူ၏ဝါးဦးထုပ်ကို ပို၍နိမ့်ချဆောင်းလိုက်သည့်အခါ ကျိုးတိုးကျဲတဲအပေါက်ကြားမှနေ၍ ကျဉ်းမြောင်းသွယ်လျသည့် စိမ်းပြာရောင်မျက်၀န်းတစ်စုံကို ပေါ်လွင်သွားစေ၏။

ဖူဟွားသည် သူမ၏မျက်လုံးများဖြင့် သတိကပ်၍ ထိုဓားသမားကို သေချာကြည့်လိုက်သော်လည်း လင်းရုဖေးကမူ ထိုသူ့အား နှုတ်ဆက်နေသည့် မျက်၀န်းများဖြင့် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

ဓားသမားသည် နှုတ်ခွန်းဆက်စကား ပြန်မဆိုဘဲ ထိုအစား ဦးထုပ်ကို ကိုင်ထားသည့် လက်ကိုသာ လွှတ်ချလိုက်သည်။ ဤလူက လင်းရုဖေးကို မမြင်သကဲ့သို့ ပြုမူနေ၏။

ဤမြင်ကွင်းကို မြင်လိုက်ရသော ဖူဟွားသည် တိုက်ခိုက်သမှုကိုပြုတော့မည်အလုပ် လင်းရုဖေးသည် သူမ၏အမည်ကို တိုးတိုးလေးခေါ်၍ ခေါင်းခါပြလိုက်သည်။

ဖူဟွားက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း ဤလူ၏အသွင်အပြင်ကို မှတ်မိနေစေရန် တိတ်တဆိတ် မှတ်သားနေလိုက်သည်။

ဤလူ၏မျက်လုံးအရောင်ကိုကြည့်၍ဆိုရလျှင် သူတို့၏တိုက်ကြီးရှိ မျိုးနွယ်က မဟုတ်နိုင်ပေ။ ဓားသိုင်းပြိုင်ပွဲတွင် အပျော်သဘောပါဝင်ဆင်နွှဲရန်အတွက် အခြားတိုက်ကြီးတစ်ခုခုမှ လာရောက်လည်ပတ်သူလည်း ဖြစ်နိုင်၏။

သို့ပေမယ့် သူတို့ ဘယ်အရပ်၊ဘယ်ဌာနေကပဲ လာနေပါစေ ခွန်းလွန်တောင်ခြေကို ရောက်နေသရွေ့ သူတို့ရဲ့လင်းမိသားစုကို မည်သူကများ မျက်နှာမပေးဘဲနေ၀ံ့ကြမည်တဲ့လဲ။

ဆောင်းနှင်းဓါးထက်ချယ်ရီဝေNơi câu chuyện tồn tại. Hãy khám phá bây giờ